Episode 17

797 52 2
                                    

Uni

" ဂျောင်ဂု မင်းရူးနေတာပဲ ၊ ဘာလို့ အဖွားကို ဘာလို့ဒီကိစ္စကို သွားပြောရတာလဲ "
" အင်း လူကြီးတွေကိုအသိပေးရင် ဟျောင်းဆီကနေ အဖြေထွက်လာမယ်ထင်လို့"
" လုံးဝပဲ ဂျောင်ဂု ၊ မင်းအခု ဆိုးလ်ကိုပြန် မင်းရဲ့လုပ်စရာရှိတဲ့ schedule တွေကို ပြန်လုပ်နေ ၊ ငါတစ်ရက်နှစ်ရက်နေရင် ပြန်လာခဲ့မယ် "
" no ဟျောင်းနဲ့မှအတူတူပြန်မယ် "
" ဒီလိုအတူတူပြန်လို့မရဘူးလေ ဒါက အလုပ်ကိစ္စလဲမဟုတ်ဘူး ၊ မင်း fanတွေ မီဒီယာတွေသိသွားရင် ပိုရှုပ်ကုန်မယ် "
" သိပါစေ ၊ အဲ့တော့လဲ တစ်ခါထဲ ကြေငြာပြီးသားဖြစ်တာပေါ့"
" ဂျောင်ဂု မင်းဟာလေ "
ထယ်ယောင်းသူ့ကိုဆက်မပြောချင်တော့ ၊ ထယ်ယောင်းတစ်ခွန်းဆိုရင် သူက သုံးလေးငါးခွန်းလောက်ကိုပြန်ပြောနေတာ တကယ်ကို လက်ပေါက်ကပ်တယ်။

ရက်အနည်းငယ်ကြာတော့ ထယ်ယောင်းတို့ ဆိုးလ်ကိုပြန်ရောက်လာကြသည်။ ဂျောင်ဂုနဲ့အတူတူပေါ့ ။ ဘယ်လိုမှပြောလို့မရတဲ့အဆုံး သူနဲ့ပဲပြန်လိုက်လာခဲ့တော့တယ်။

" ဂျောင်ဂု မင်းအသံသွင်းရအုံးမယ်လေ ၊ ဘာလုပ်နေပြန်တာလဲ ၊ အရင်အပတ်က အချိန်ဇယားတွေကိုရော ဒီအပတ်အစားပြန်လုပ်ရမှာနော် ၊ မင်းဒီလိုထိုင်နေလို့မရဘူး"
PS5နဲ့ ဂိမ်းဆော့နေတဲ့ ဂျောင်ဂုက အဖက်ပင်မလုပ်။

" ဂျောင်ဂု ငါပြောနေတာရောကြားရဲ့လား"
ထယ်ယောင်း ဂျောင်ဂုရဲ့ အရှေ့တည့်တည့်မှာ ပိတ်ရပ်လိုက်ပြီးပြောတော့ သူကgame control  remoteကိုချပြီး  sofa အနောက်ကို မှီချကာ လက်ပိုက်ပြီး ထယ်​ယောင်းရဲ့မျက်နှာကို မထိသလို ကြည့်သည်။

" အဲ့တော့ဘာဖြစ်ချင်လဲ"
" မင်းကိုအလုပ်လုပ်ဖို့ပြောနေတာလေ "
" ဟျောင်းကိုအလုပ်ဖြုတ်လိုက်ပြီ "
ဟ! ဂျောင်ဂုက တကယ်ကို ဂေါက်သီးဖြစ်သွားတာလား? အရင်နေ့ကပဲ ဟျောင်းမရှိရင် ကျွန်တော်အလုပ်လုပ်လို့မရဘူးလို့ပြောပြီး ဒီနေ့ကြတော့ ဗြုန်းစားပြီး အလုပ်ဖြုတ်တယ်တဲ့ ။

" အင်း အဲ့ဒါဆိုလည်းငါပြန်လိုက်ပါအုံးမယ် "
" ကျွန်တော်စကားပြောတာမဆုံးသေးဘူးလေ"
ထယ်ယောင်း သူ့အရှေ့ကနေ​ ထွက်သွားဖို့လုပ်တော့ ထယ်ယောင်းရဲ့ လက်ကိုဆွဲကာ သူ့ဘက်သို့ ထယ်ယောင်းရဲ့ကိုယ်လေးကိုဆွဲချလိုက်သည်။

Still with Me (Complete )Where stories live. Discover now