Episode 18

721 54 2
                                    

Uni

ဂျောင်ဂုက ထယ်ယောင်းကိုအလုပ်မလာနဲ့တော့လို့ ပြောလိုက်ပြီးသည့်နေ့မှ စ၍ ထယ်​ယောင်း ent ဘက်ကို ခြေဦးတောင် မလှည့်ပါ။

အခုထယ်ယောင်း အလုပ်အသစ် သွားလျှောက်ဖို့ bus stop မှာ bus အလာကိုစောင့်နေတာ ဖြစ်သည်။

ထယ်ယောင်း bus stop မှာ စောင့်နေတုန်း ကားအနက်ရောင် တစ်စီးက ထယ်ယောင်းရဲ့အရှေ့တည့်တည့် ကိုလာရပ်သည်။

ထို့နောက်ကားထဲကနေ ဝတ်စုံအနက်ရောင်များ ဝတ်ဆင်ထားသော လူ နှစ်ယောက်က ထယ်ယောင်းကိုကားထဲသို့ ဖမ်းခေါ်သွားသည်။

" ဘာလုပ်တာလဲ လွှတ်ပါ ကျွန်တော့်မှာ ဘာရန်သူမှလဲမရှိပါဘူး"
ထယ်ယောင်း ခေါင်းထဲကို အရင်ဆုံး ရောက်လာသည့် အတွေးက အကြွေးရှင်တွေကို ၊ ထယ်ယောင်း တို့ မိသားစုမှာ အခုနောက်ပိုင်း အကြွေးပင်မရှိ၊ အကုန်ဆပ်လိုက်ပြီမို့လို့ အကြွေးတွေအကုန်ကြေ ပြီမို့လား ၊ အခုက ဘာအတွက်ဒီလိုလုပ်ရတာလဲ။

ထယ်ယောင်းရုန်းပေမဲ့ ဒီလူကြီးတွေက ဗလတောင့်တောင့် လူကောင်ထွားထွားကြီးတွေမို့လို့ ထယ်ယောင်း သူတို့နဲ့အားချင်းပင်မယှဥ်နိုင်ခဲ့။

ကားက တစ်နေရာကိုမောင်းနေတာဖြစ်သည်။ ထယ်ယောင်းကောင်းကောင်းသိတယ် ၊ ဒီလမ်းက ဂျောင်ဂုတို့အိမ်ကိုသွားတဲ့လမ်းဆိုတာ ၊

အသေအချာပင် ဂျောင်ဂုတို့ရဲ့ အိမ်ရှေ့ကိုကားက ရပ်လိုက်ပြီး ထိုလူကြီး နှစ်ယောက်က ထယ်ယောင်းကို အိမ်ထဲသို့ ဖမ်းခေါ်သွားပြန်သည်။

အိမ်ထဲရောက်တော့ ဂျောင်ဂုက ဧည့်ခန်းထဲမှာ မိန့်မိန့်ကြီး ထိန်ကာ ထယ်ယောင်းအလာကိုစောင့်နေတဲ့ပုံ။

" ကျေးဇူးတင်ပါတယ်၊ ဒယ်ဒီ ခိုင်းထားတာလေးတွေသွားလုပ်လို့ရပါပြီ "
ထိုလူကြီးတွေက ဂျောင်ဂုအတွက် သူ့ဒယ်ဒီက ငှားပေးထားတဲ့ ဘော်ဒီကတ်တွေပင်။

" ဂျောင်ဂု ဒါဘာလုပ်ပြန်တာလဲ "

" ဟျောင်းမှ ကျွန်တော့်ဆီမလာတာ ၊ မလာရင်လာအောင်ခေါ်ရတယ်လေ "

" မင်းပဲငါ့ကို အလုပ်ဖြုတ်လိုက်တာလေ "
" ကျွန်တော်က ကျွန်တော့် ကောင်လေးအဖြစ် နေခိုင်းစေချင်တာ ဟျောင်းကိုလေ "
" မဖြစ်ဘူးလို့ပြောပြီးပြီးပဲလေ ၊ ဂျောင်ဂုရယ် မဆိုးစမ်းပါနဲ့ ၊ မင်းက အဆိုတော်တစ်ယောက်ပဲ ဒီထက်တောင် တောက်ပသင့်သေးတာလေ ၊ မင်းဒီထက်အောင်မြင်အောင်ကြိုးစားရအုံးမယ်မလား ၊ အဲ့ဒါမင်းအိမ်မက်လေ ၊ အိမ်မက်ကိုမဖြတ်စီးချင်စမ်းပါနဲ့ ကွာ "

Still with Me (Complete )Where stories live. Discover now