Episode 14

710 50 2
                                    

Uni

" ဂျောင်ဂု မင်းဒါကိုဘယ်လိုလုပ်မှာလဲ "
"ဘာလဲ ဟျောင်းရဲ့ "
ထယ်ယောင်းက Tablet ကို ဂျောင်ဂုရဲ့အရှေ့သို့ ထိုးပြသည်။

" rumor ထွက်နေတယ် ၊ အဆိုတော် jus နဲ့ collab လုပ်မယ်ဆိုပြီး ၊ ပြီးတော့ jus က interview တစ်ခုမှာ ဖြေထားတာ မင်းကသူ့ရဲ့ idea type ဆိုပြီး ၊ အဲ့ဒါတွေနဲ့ပတ်သတ်ပြီး ပရိတ်သတ်တချို့က မင်းတို့နှစ်ယောက်တွဲနေတယ်ဆိုပြီး ထင်ကြေးပေးနေကြတယ် ၊ သိပ်ကြီးလဲ စိတ်မရှုပ်သွားပါနဲ့ အဲ့ဒါတွေအကုန်ငါကပဲ ဖြေရှင်းပေးမယ် ၊ မင်းက အခု comeback အတွက်ပဲ အာရုံစိုက် "

" အင်း ထယ်ယောင်းကိုဘဲ အားကိုးရတော့မယ်"
"မင်းလည်းသိပ်ကြီး စိတ်ရှုပ်မသွားပါနဲ့ဂျောင်ဂု "
" ကျွန်တော်စိတ်မရှုပ်ပါဘူး၊ ထယ်ယောင်းသာ ပင်ပန်းနေတော့မှာ "
ထယ်ယောင်းက ဂျောင်ဂုရဲ့ပုခုံးလေးကိုကိုင်ပြီး
" ရပါတယ်ကွာ ၊ ဒါငါ့အလုပ်ပဲဟာ "

"အာ ဒါနဲ့ ထယ်ယောင်း ၊ အချိန်ဇယားတွေမရှိတဲ့တစ်ရက် ဟယ်ဂျီနဲ့ ဟျောင်းဂျီတို့နဲ့သွားတွေ့ရအောင် ၊ ထယ်ယောင်းသိလား သူတို့နှစ်ယောက်က တကယ်ကြီးတွဲနေကြတာ "
" အိုး ဟုတ်လား ငါလည်းအလုပ်များနေတာနဲ့ မသိလိုက်ဘူး "

......

စားသောက်ဆိုင်ရဲ့ VIP room ထဲမှာ လူလေးယောက် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။

" ငါတို့ရဲ့ Global singer ကြီး ဂျောင်ဂုကို တွေ့ရဖို့ခက်ခဲလိုက်တာကွာ "
" ဘယ့်နှယ့် Global လဲ ဟျောင်းဂျီရ ၊ သာမန်ပါပဲ "
" ဒါပေမဲ့ မင်းကိုတွေ့ရဖို့တော်တော်ခက်ခဲလွန်းတယ် ၊ ငါ့အချစ်က မင်းနဲ့တွေ့ချင်တယ်ဆိုလို့သာ ခေါ်လိုက်ရတာ တကယ်တမ်း ငါ့ဟာနဲ့ငါသာဆိုရင် ခေါ်မနေဘူး "
" ငါ့ အချစ်တဲ့လား ခွီးး "
ဂျောင်ဂုက သူ့ရဲ့ဗိုက်ကိုနှိပ်ကာ ရယ်နေတော့သည်။

" ရားး မရယ်နဲ့ ဂျောင်ဂု အကောင်စုတ်လေး"
ဟယ်ဂျီက ရှက်ရှက်နဲ့ ဂျောင်ဂုကိုအော်သည်။

" ကဲ ပြောစရာရှိတာ မြန်မြန်ပြောကြ ၊ ဂျောင်ဂုက နောက်နှစ်နာရီနေရင် ပွဲတစ်ခုတတ်ရအုံးမယ် ၊ အဲ့အတွက်မိတ်ကပ်တွေဘာတွေကြိုလိမ်းရအုံးမှာ "
ထယ်ယောင်းက သူတို့ စကားဝိုင်းထဲကိုဝင်ပြောလိုက်သည်။

Still with Me (Complete )Where stories live. Discover now