Episode 13

713 53 0
                                    

Uni

ထယ်ယောင်းကျောင်းပြီးတော့ အလုပ်စတင်ရှာရတော့သည်။
မရှာလို့ကလည်းမရဘူးလေ ၊ အိမ်အတွက် အသုံးစရိတ်က လိုသည်မလား။

Ring Ring

ထယ်ယောင်း အမေ့ရဲ့ကြက်ကြော်ဆိုင်မှာ အလုပ်ကူလုပ်ပေးနေသည့်အချိန် ဖုန်းက မြည်လာသည်။

" hello ဂျောင်ဂု"
" ထယ်​ယောင်းအခုဘယ်မှာလဲ "
" အမေတို့ကြက်ကြော်ဆိုင်မှာလေ "
ဖုန်းက ကျသွားပြီး ခနကြာတော့ ဂျောင်ဂု ကထယ်ယောင်းအမေရဲ့ ကြက်ကြော်ဆိုင်ကိုရောက်လာသည်။

" ဂျောင်ဂု ဘာကိစ္စလဲ "
ဂျောင်ဂုက ပုံမှန်ဆိုရင် ဒီကိုလာနေကျမဟုတ်ဘူးမလား။ အခုက နည်းနည်း ထူးဆန်းနေလို့။

" ထယ်ယောင်းအလုပ်ရှာနေတယ်လို့ကြားတယ်"
" အင်းလေ "
" အဲ့ဒါလေ အပန်းမကြီးဘူးဆိုရင် ၊ ကျွန်တော့်ရဲ့ မန်နေဂျာ လုပ်ပေးမလား"
ဂျောင်ဂု ထယ်ယောင်းကို သူ့ရဲ့မန်နေဂျာအဖြစ်လုပ်ခိုင်းရသည်က ထယ်ယောင်းနဲ့ပိုနီးစပ်ချင်လို့ ၊ ပြီးတော့ သူ့နားမှာထယ်ယောင်းကိုအချိန်ပြည့်ထားချင်လို့ ။
ကျောင်းပြီးထဲက ထယ်ယောင်းကိုမတွေ့ရတာအတော်ပင်ကြာနေပြီလေ ။ နောက်ပိုင်းလည်း အဲ့ဒီလိုသာနေရင် ထယ်ယောင်းနဲ့ပိုဝေးသွားမှာဆိုးသည်ကြောင့် ဖြစ်သည်။

" အဲ့ဒါကတော့နည်းနည်း"
" နော် နော် နော် ထယ်ယောင်း ၊ ထယ်ယောင်းဂီဟျောင်းဂီ ဟျောင်း နော် နော် "
ဂျောင်ဂု ထယ်ယောင်းရဲ့လက်လေးကိုလှုပ်ရမ်းကာ ချွဲပြီးပြောတော့ ထယ်ယောင်းတောင့်မထားနိုင်တော့ပဲ ဂျောင်ဂု ပြောသည်ကိုလက်ခံလိုက်သည်။

" အင်း လုပ်ပေးပါ့မယ် "
" ယေးး ဟျောင်းက ချစ်ဖို့ကောင်းလိုက်တာ ၊ အဲ့ဒါဆို မနက်ဖြန် studio ကိုလာခဲ့နော် ၊ ကျွန်တော်စောင့်နေမယ် "
" ဟုတ်ပါပြီ"
ဂျောင်ဂုက သူလိုချင်တာရတော့ မုန့်ရသည့်ကလေးတစ်ယောက်လို ပျော်ရွှင်လို့နေသည်။

နောက်နေ့မနက်ရောက်တော့ ထယ်ယောင်းတစ်ယော​က် ဂျောင်ဂုရှိတဲ့ studio ကိုရောက်သွားသည်။

" ဘယ်သူနဲ့တွေ့ချင်လို့လဲ "
Studioထဲကိုဝင်ဝင်ချင်း ကောင်လေးတစ်ယောက်က ထယ်ယောင်းကိုမေးတော့
" ဂျောင်ဂုနဲ့တွေ့ချင်လို့ပါ"
" အာ အစ်ကိုဂျောင်ဂုက ဘယ်ဧည့်သည်နဲ့မှ ပေးမတွေ့ဘူးဗျ"
" အစ်ကိုက သူ့သူငယ်ချင်းပါ ၊ သူခေါ်ထားလို့လာတာပါ "
ထယ်ယောင်းလည်း ဘာကိုမှ မစောင့်နေတော့ဘဲ ဂျောင်ဂုကိုသာ ဖုန်းဆက်လိုက်သည်။

Still with Me (Complete )Where stories live. Discover now