Episode 3

997 66 0
                                    

Uni

ဆရာမက အတန်းထဲမှာ စာမေးပွဲ ရလဒ်တွေကိုကြေငြာနေသည်။
ထယ်​ယောင်းက သူ့ခုံနံပါတ် မလာသေးတော့ ရလဒ်ကိုပဲ ရင်ခုန်စွာ စောင့်နေလိုက်သည်။

" ဟယ်ဂျီ အဆင့် ၃ "

ဟယ်ဂျီက အဆင့်သုံးဆိုတော့ အနည်းငယ် မျက်နှာပျတ်သွားသည်။
သူက အမြဲ ထယ်ယောင်းနဲ့ အဆင့်၁ကို လုနေကျမို့လို့ ဒီတစ်ခါ အဆင့်သုံးဆိုတော့ သူနားမလည် သွားဟန်ရှိသည်။

" ကင်မ်ထယ်ယောင်း အဆင့် ၂ "

" ဟယ် ထယ်ယောင်းနဲ့ ဟယ်ဂျီက အဆင့် ၂ နဲ့ ၃ ဆိုတော့ အဆင့် ၁က ဘယ်သူများလဲ "
" သေချာပေါက် ဂျောင်ဂု ပဲနေမှာပေါ့ ၊ အခုထိ သူ့နာမည်ကို မကြားသေးဘူး "

အတန်းထဲမှ မိန်းကလေးတစ်စုရဲ့ တိုးတိုး တိုးတိုးပြောသံတွေကို ကြားနေရသည်။

" ကဲ ဒီတစ်ပတ်တော့ ထူးဆန်းတာပဲ ၊ ငါတို့ရဲ့ အဆင့် ၁ကြီးကို ကျော်တတ်ပြီးတော့ ကျောင်းသားသစ်ဂျွန်ဂျောင်ဂုက အဆင့် ၁ရသွားတယ် ၊ လက်ခုတ် တီး​ပေးလိုက်ပါအုံး၊ ဘာသာစုံအမှတ်ပြည့်ပါ"

ဆရာမပြောအပြီး အတန်းထဲမှ ကျောင်းသားတွေရဲ့ လက်ခုတ် တီးသံတွေကိုကြားရသည်။
ထို့နောက်ရက်တွင်တော့ ဂျောင်ဂုဟာ ကျောင်းကိုပြောင်းလာတာ ဘယ်လောက်မှတောင် မကြာသေးပေမဲ့လည်း ကျောင်းမှာ အနှေးနဲ့အမြန် popular ဖြစ်သွားသည်။
.
.
.
ကျောင်းဆင်းတော့ အခန်းထဲမှ ကျောင်းသား အလျှိုလျှို ထွက်သွားကြပေမဲ့လည်း ထယ်ယောင်း ကတော့ အိပ်ပျော် နေသည်မို့ ကျန်နေခဲ့သည်။ ဂျောင်ဂုက အိမ်သို့ တန်းမပြန်သေးပဲ ထယ်ယောင်းကို နှိုးနေသည်။ ဟယ်ဂျီကတော့ သူအဆင့် ၃ရလို့ အိမ်ပြန်ရောက်ရင် အရိုက်ခံရမယ်ဆိုတာ သိသည်နဲ့အလား မျက်နှာတော့ မကောင်းရှာ ။

" ဂျောင်ဂု ထယ်ယောင်းကို နင်ပဲ နှိုးခဲ့လိုက် တော့"
"အင်း နင်အဆင်ပြေရဲ့လား ဟယ်ဂျီ "
" မသာကောင်ရဲ့ ဘာလို့ စာကို အဲ့လောက်တောင် ကြိုးစားနေရတာလဲ အီးဟီးးးး"

ဟယ်ဂျီက ဂျောင်ဂုရဲ့ ရင်ဘတ်ကို ထုရင်း အော်ငိုနေသည်။
ဂျောင်ဂုကလည်း ဟယ်ဂျီကို ဖက်ထားပေးသည်။ ထို့နောက် ဟယ်ဂျီ့ရဲ့ မျက်ရည်တစ်ချို့ကို သုတ်ပေးလိုက်သည်။

Still with Me (Complete )Where stories live. Discover now