Episode 10

870 60 0
                                    

Uni

ထယ်ယောင်းနဲ့ဂျောင်ဂု ညက တော်တော်နဲ့ မအိပ်ဖြစ်ခဲ့ ။
ဘာစကားမှ ထွေထွေထူးထူးမ​ပြောခဲ့ကြပေမဲ့ တစ်ယောက်မျက်နှာတစ်ယောက် ပဲ ကြည့်ဖြစ် ခဲ့ကြသည်။

မနက်ရောက်တော့ ဆရာမက ဂိမ်း ဆော့ကြမယ်ဆိုကာ ကျောင်းသား အကုန်လုံးကို လိုက်နှိုးနေတာမို့လို့ မနက်စောစောထဖြစ်ခဲ့သည်။
မြူနှင်းတွေဟာလည်း ကျနေပြီး ရာသီဥတုဟာလည်း ချမ်းစိမ့်စမ့်

" ကဲကျောင်းသားတို့ ဆရာမတို့ အခုဘာဂိမ်းဆော့ကြမလဲ သိကြပါလား"
" မသိပါဘူး"
ကျောင်းသားတွေဟာ အိ​ပ်ချင်မူးတူးအသံနဲ့ ဖြေကြသည်။

" ကဲပါ ကဲပါ အပျင်းထူမနေကြနဲ့ ၊ တက်တက်ကြွကြွနေကြ ဟင် တက်တက်ကြွကြွ "
" ဟုတ်ကဲ့ပါ "

" အခုဂိမ်းက တောထဲမှာ အလံလိုက်ရှာ ရမဲ့ဂိမ်း ၊ ဘယ်လိုလဲဆိုရင် နှစ်ယောက် တစ်ဖွဲ့ ဆီ ဖွဲ့ရမယ် ပြီးတော့ တောထဲမှာအလံလိုက်ရှာရမယ် %$&#^#^$&"

ဆရာမဟာ ကစားနည်းကို ရှင်းပြ ပြီးချင်းမှာဘဲ နှစ်ယောက် တစ်ဖွဲ့ ဖွဲ့ခိုင်းသည်။
ဂျောင်ဂုက ထယ်ယောင်းရဲ့လက်ကို တင်းနေအောင် ဆုတ်ကိုင်ထားသည်။
ဟယ်ဂျီက ဂျောင်ဂုရဲ့ဘေးသို့လာကာ ဂျောင်ဂုနဲ့အဖွဲ့ ဖို့လုပ်ပေမဲ့ ဂျောင်ဂုဟာ ထယ်ယောင်းရဲ့လက်ကို ကိုင်ပြီး တောထဲသို့စတင်ထွက်သွားသည်။

" ဂျောင်ဂုလွှတ်ပါအုံး ငါ့လက်တွေနာနေပြီ "
တောထဲ ရောက်တော့ ထယ်ယောင်းဟာ ဂျောင်ဂုဆွဲကိုင်ထားသည့်လက်ကို လွှတ် ခိုင်းရသည်။

ဂျောင်ဂုဟာ ထယ်ယောင်းရဲ့လက်ကိုလွှတ်ပေးလိုက်ပေမဲ့ ခရမ်းရောင် ပုဝါဖြင့် နှစ်ယောက်လုံးရဲ့ လက်ကို ချီထားသည်။ ထယ်ယောင်းကတော့ ဘာလို့လဲ မသိပေမဲ့ ဂျောင်ဂုကတော့
" ထယ်ယောင်း တောထဲမှာပျောက်သွားမှာဆိုးလို့ " တဲ့လေ ။

တစ်ဖက်မှာတော့ ဟယ်ဂျီနဲ့ ဟျောင်းဂျီဟာ တစ်ဖွဲ့ ဆီ ဖြစ်သွားသည်။

တောထဲမှာ အလံလိုက်ရှာတာ တော်တော်များမျာပင်ရနေပြီဖြစ်သည်။

" ဟျောင်းဂျီ နားပါအုံးငါမောနေပြီ "
" နင်ကလည်း ပျော့လိုက်တာ "
" မိန်းကလေးပါ ငါက အဲ့လောက်တော့ ပျော့မှာပေါ့"
ဟျောင်းဂျီဟာ ဟယ်ဂျီ့ကို မစောင့်ဘဲ ဆက်သွားသည်။
တစ်နေရာရောက်တော့ ရပ်လိုက်သည်။
သူရပ်လိုက်သည့်နေရာဟာ ဟယ်ဂျီနဲ့တော်တော်ပင် ဝေးနေတာဖြစ်သည်။

Still with Me (Complete )Where stories live. Discover now