Episode 12

829 57 2
                                    

Uni

ထယ်ယောင်းတို့ ခရီးက ပြန်လာပြီးတဲ့နောက်ပိုင်း ဂျောင်ဂုနဲ့လည်းပိုပြီးရင်းနှီးလာသလိုခံစားရသည်။
ဂျောင်ဂုကလည်း ထယ်ယောင်းအနားကို အရင်ကထက်ပိုကပ်သည်။

" ထယ်ယောင်းစာတွေရပြီလား hm?"
ဂျောင်ဂုက အတန်းထဲကိုဝင်လာလာချင်း ထယ်ယောင်းရဲ့အနောက်ဘက်သို့လှည့်ကာ စကားပြောသည်။

" ရပြီပေါ့ "
" အဲ့ဒါဆို ကျွန်တော်မရတဲ့စာတွေပြောပြမယ်မလား ဟင် ၊ ကျွန်တော်ညက Studio မှာ အချိန်ကုန်သွားတာမို့လို့ ဟီး"
ဂျောင်ဂုက စာအုပ်ထုတ်ကာ ထယ်ယောင်းဘက်သို့လှည့်ပြီး ချစ်စရာကောင်းအောင် လုပ်ပြီး ပြောတော့ ထယ်ယောင်းမှာမထိန်းနိုင်တော့ဘဲ ပြုံးမိသွားသည်။

" ထယ်ယောင်းပြုံးလိုက်တာလှတယ်"
ဂျောင်ဂုက ထယ်ယောင်းရဲ့မျက်နှာကိုစိုက်ကြည့်ကာ ပြောတော့ ထယ်ယောင်းမှာရှက်သွားသည်ကြောင့် မျက်နှာကိုတခြားဘက်သို့လှည့်နေရသည်။

" ထယ်ယောင်း ဒါပြီးရင် အိမ်ပြန်တော့မှာလား "
" အင်းလေ ဘာလို့လဲ ၊ အိမ်မှာအလုပ်ရှိသေးတယ်"
" ကျွန်တော်က studio ကိုအလည်ခေါ်မလို့ကို "
ထယ်ယောင်းတို့ ကျောင်းဆင်းတော့ ဂျောင်ဂုက သူ့ studio အသစ်ကို ထယ်​ယောင်းကိုအလည်ခေါ်ဖို့ရာ ပြောတော့ ထယ်ယောင်းက ငြင်းဆန်သည်။

" အစ်ကိုလေးကို သူဋ္ဌေးကြီးက ကြိုခိုင်းလိုက်လို့ပါ"
ထယ်ယောင်းနဲ့ စကားပြောရင်း လမ်းလျှောက်နေတုန်း ဂျောင်ဂုရဲ့အရှေ့သို့ ဂျောင်ဂုရဲ့အဖေရဲ့အလုပ်သမားတွေက ရောက်လာသည်။

ဒီနေ့ထယ်ယောင်းနဲ့အတူပြန်မလို့ဟာကို ၊ဒယ်ဒီကလည်း တကယ်ကိုစိတ်ရှုပ်စရာ။ ဘော်ဒီကတ် တွေလွှတ်ထားတာမကြိုက်ပါဘူးဆို။

" ဂျောင်ဂု အဲ့ဒါဆိုရင် ငါပြန်တော့မယ်နော် "
ထယ်​ယောင်းက အလိုက်သိစွာနဲ့ပဲ ထွက်သွားပေးသည်။

ဂျောင်ဂုအိမ်ပြန်ရောက်တော့ ဟယ်ဂျီရယ်ဟယ်ဂျီရဲ့မိဘတွေပါရောက်နေကြသည်။

" လာထိုင် သားဂျောင်ဂု"
ဂျောင်ဂုရဲ့အမေက ဂျောင်ဂုကို သူမရဲ့ဘေးနားသို့ခေါ်သည်။

Still with Me (Complete )Where stories live. Discover now