Episode 20

722 53 7
                                    

Uni

ထယ်ယောင်း LA မှာ Starlight နှင့်အတူ ရက်အနည်းငယ် နေရမှာဖြစ်သည်။ ထိုအကြောင်းကို အခွင့်ကောင်းယူကာ ဂျောင်ဂုက ထယ်ယောင်းနဲ့LA မှာမဆုံဆုံအောင် တမင်ဖန်တီးလို့နေသည်။
ကြာလာတော့ ထယ်ယောင်းလဲ အလွန်ကိုမှ စိတ်ရှုပ်လာရပါသည်။

" ဒီမှာ ဒုဥက္ကဋ္ဌ ဂျွန် "
" မဟုတ်ပါဘူး ကျွန်တော်က ဟျောင်းနဲ့ဆိုရင် အမြဲတမ်း ဂျွန်ဂျောင်ဂုပါပဲ ၊ အရင်လိုလေးပဲ ခေါ်ပါ ဟျောင်းရဲ့"
" ကဲကောင်းပြီ ဂျောင်ဂု ၊ မင်းဘာလို့ ငါ့အနောက်ကို တကောက်ကောက်လိုက်နေရတာလဲ ၊ ပြီးတော့ မင်း သိက္ခာရောရှိသေးရဲ့လား၊ J ent က ဒုဥက္ကဋ္ဌ ဂျွန်ဂျောင်ဂု ဆိုတာ ဘယ်ရောက်သွားတာလဲ "
" ကျွန်တော်ပြောပြီးသားပဲ ၊ ဟျောင်းနဲ့ဆိုရင် အမြဲတမ်း ဂျွန်ဂျောင်ဂုပါပဲလို့"
" မင်းငါ့အနောက်ကို ထပ်လိုက်မလာနဲ့တော့ ၊ မင်းဂုဏ် သိက္ခာ မကျခင်ဘူးဆိုရင်ပေါ့"
ထယ်ယောင်းနဲ့ ဂျောင်ဂုက အခု show ပွဲရဲ့ နားနေခန်းတွေရှိတဲ့ ဘက်မှာ စကားပြောနေကြတာဖြစ်သည်။
အားလုံးက show ပွဲကိုဘဲအာရုံရနေချိန် ထယ်ယောင်းက မွန်းကြပ်လို့ဆိုကာ ထထွက်လာရာ ဂျောင်ဂုကလဲ အနောက်ကနေ ထွက်လာခဲ့တာမို့လို့ သူတို့နှစ်ယောက်ထဲ နားနေခန်း ဘက်မှာ ရှိနေကြသည်။

ဂျောင်ဂုဟာရုတ်တရက်ကြီး ထယ်ယောင်းကို သူ့နားနေခန်းထဲကို ဆွဲကာ ခေါ်သွားလေသည်။

" ဂျောင်ဂုမင်းဘာလုပ်ပြန်တာလဲ မရိုင်းစိုင်းနဲ့ "
" ဟျောင်းရာ ကျွန်တော်ဒီလိုဖြစ်အောင်ပဲ ဟျောင်းက လုပ်ပေးခဲ့တာပဲမလား"
" ငါက ဘာဆိုင်လို့လဲ"

" ဟျောင်းသာ ကျွန်တော့်အချစ်တွေကို အစထဲက ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပေးခဲ့ရင် အခုတွေလိုဖြစ်စရာ အကြောင်းမှမရှိတာ"
ဂျောင်ဂုဟာ ပြောလဲပြော ထယ်ယောင်းနားသို့ ခြေတလှမ်းခြင်း တိုးကာ လျှောက်လာသည်။

ထယ်ယောင်းဟာလဲ အနောက်ကို ဆုတ်ပါများပြီး နံရံနဲ့ ကျောနဲ့ ကပ်သွားတော့သည်။

" ရားးး မင်းဘာလုပ်တာလဲ "
ဂျောင်ဂုက ရုတ်တရက် ထယ်ယောင်းကိုနမ်းလိုက်တာမို့လို့ ထယ်ယောင်းလန့်ကာ ဂျောင်ဂုကို ဘေးမှာရှိသော ပန်းအိုးဖြင့် ဂျောင်ဂုရဲ့ ခေါင်းကို ရိုက်လိုက်တာဖြစ်လို့ ဖြစ်သည်။

Still with Me (Complete )Where stories live. Discover now