Episode 2

1.1K 69 0
                                    

Uni

ဟယ်ဂျီ နဲ့ ဂျောင်ဂု နှစ်ယောက် nightout ထွက်ကြသည်။

" ဟယ်ဂျီ ငါရေဘူးဆင်းဝယ်လိုက်အုံးမယ် "

" အေးအေး "
ညဘက်အပြင်မှာ ကားပတ်မောင်းရင်း မောလာ၍ ရေဘူး ဆင်းဝယ်နေသည့် ဂျောင်ဂု ။

24hours store ဆိုင်လေးထဲသို့ ဂျောင်ဂုက ဝင်သွားသည်။
ရေဘူး နှစ်ဘူးနဲ့ မုန့်တချို့ ဝယ်လိုက်ပြီး  ပိုက်ဆံရှင်းဖို့အတွက် counter နားသို့သွားလိုက်သည်။

ငွေရှင်းတဲ့နေရာမှ ထယ်ယောင်းက ဂျောင်ဂုမှန်း သိသော်လည်းဂျောင်ဂုကတော့ မသိချေ ။ အင်း မသိတာပဲကောင်းပါတယ် ။

" ရပါပြီ 2000 won ပါ "
ဂျောင်ဂုက ကျသင့်သလောက် ပိုက်ဆံရှင်းပြီး ပြန်ထွက်လာခဲ့သည်။

" အင်းးးသူဋ္ဌေးသားတွေဆိုတော့လည်း ရွှေပေါ်မြတင် ဘော်ကျော့နေရတာပါပဲလား"

ထယ်ယောင်းကတော့ သူတစ်​ယောက်ထဲ ကြားအောင်ပဲ ပြောလိုက်သည်။
.
.
.
" ဟယ်ဂျီ ဆိုင်ထဲမှာ နင့်သူငယ်ချင်း ကိုတွေ့ခဲ့တယ် "
" ဟုတ်လား ထယ်​ယောင်းကိုတွေ့ခဲ့တာလား "
" အင်း အဲ့မှာ အလုပ်လုပ်ပုံရမယ်ထင်တယ် "
" အော် "

ဟယ်ဂျီက ဘာမှ ပြန်မပြောတော့ပဲ ဂျောင်ဂု ဝယ်လာသည့် မုန့်တွေကိုသာ ထိုင်စားနေလိုက်တော့သည်။

ထယ်ယောင်းတို့ မိသားစု စီးပွားရေး အဆင်မပြေတာ ဟယ်ဂျီ မသိပါလေ ။

.
.
.
ညဘက်က ဆိုင်မှာ Part time လုပ်နေတာနဲ့ မအိပ်လိုက်ရတော့ ထယ်ယောင်း စာသင်ခန်းထဲမှာ အိပ်ပျော် နေလေသည်။

ထယ်ယောင်းရဲ့ဘေးမှာ ခုံလွတ်ကြီးရှိတာမို့လို့ ဘယ်သူမှ မရှိချေ။ စာတော်တဲ့ ကျောင်းသားပီပီ စာသင်နေချိန်တော့ လုံးဝ အိပ်မငိုက်ခဲ့ ။
ဟယ်ဂျီကတော့ သူ့သူငယ်ချင်း ရောက်လာထဲက ထယ်ယောင်းနဲ့ သိပ်မပေါင်းတော့ ။

အင်းးးထင်တော့ထင်သားပဲ ငါ့လို ဆင်းရဲတဲ့ သူကိုဘယ်သူက အကြာကြီးပေါင်းချင်မှာလဲ ။

ကျောင်းပြန်တတ်တော့ ကျောင်းသား တွေ အလျှို လျို အခန်းထဲ သို့ ပြန်ဝင်လာကြသည်။

Still with Me (Complete )Where stories live. Discover now