Episode 19

704 50 2
                                    

Uni

၅လလောက်ရှိပြီ ထယ်ယောင်းနဲ့မတွေ့ ဖြစ်ဘူး။
ဒီအတောအတွင်းသူ့ကိုအရမ်းလွမ်းနေမိတာမှန်ပေမဲ့ ဂျောင်ဂုကြိုးစားရမယ် ။
ထယ်ယောင်းဘက်က ဂျောင်ဂုကို အလုပ်အကိုင်အတည်တကျနဲ့ ရင့်ကျက်တဲ့ လူဖြစ်နေချင်ပုံပါပဲ။ အဲ့ဒါကြောင့် ဂျောင်ဂု အခုဆိုရင် ​ဒယ်ဒီ့ရဲ့ ကုမ္မဏီ မှာ ဒု ဥက္ကဋ္ဌ အဖြစ် တောင် ဝင်လုပ်နေလေပြီလေ ၊ ဒယ်ဒီ့ရဲ့ ကုမ္မဏီ က အနုပညာ လမ်းကြောင်းဘက်ကိုသွားတော့ ဂျောင်ဂုနဲ့က ကိုက်ညီတာပေါ့။ အစထဲက ဒယ်ဒီ့ ကုမ္မဏီ မှာဘဲ အလုပ်ဝင်လုပ်သင့်တာကို ။

" အစည်းအဝေးရှိတယ်မလား "
ဂျောင်ဂုက အတွင်းရေးမှူး မိန်းကလေးကို မေးလိုက်တော့ သူမက ပြန်ဖြေသည်။

အဲ့ဒါနဲ့ပဲ ဂျောင်ဂုလည်း အစည်းအဝေးခန်းထဲသို့ စောစော သွားဖြစ်သည်။ ဒီကုမ္မဏီရဲ့ အမွေဆက်ခံသူဆိုတော့ အရာရာ လူလေးမှုရအောင်တော့လုပ်ရမယ်လေ ။

အစည်းအဝေးဟာ Idol group အသစ် debut ဖို့အတွက် လူရွေးပွဲ လုပ်ဖို့ ရယ် ၊ fashion ကုမ္ပဏီ အသစ်တစ်ခုနဲ့ ပူးပေါင်းပြီး အလုပ်လုပ်ဖို့ရယ် အဲ့ဒါအတွက် လိုအပ်တဲ့ အရာတွေပြင်ဆင်ဖို့ရယ်ကို ရှယ်ယာရှင် တချို့နဲ့ အစည်းဝေးလုပ်တဲ့ သဘောပါပဲ။

" ဂျောင်ဂု ငါ့သား ပင်ပန်းလား ၊ ဒယ်ဒီ့ အလုပ်တွေကို ကူလုပ်ပေးနေရလို့လေ "
အစည်းအဝေးခန်းထဲက လူတွေအကုန်ထွက်သွားတော့ ဂျောင်ဂုနဲ့ သူ့ဒယ်ဒီသာ ကျန်ခဲ့လေသည်။

" မပင်ပန်းပါဘူး ဒယ်ဒီရာ ၊ အစထဲက ဒယ်ဒီ့ စကားနားထောင်ပြီး ကုမ္မဏီ မှာဘဲ အလုပ်ဝင်လုပ်သင့်တာ ၊ သားမှားသွားတယ်ဗျာ "
" အေးပါကွာ ၊ ဒယ်ဒီ့အလုပ်တွေကို ကူလုပ်ပေးနေယုံနဲ့တင် ကျေးဇူးတင်လှပါပြီ "
" မဟုတ်တာ ဒယ်ဒီရာ ၊ တစ်နေ့ ကျွန်တော် ဦးစီးရမဲ့ ကုမ္မဏီ အတွက်အလုပ်လုပ်ပေးနေရတာပဲ "
" သား အဆင်သင့် ဖြစ်တဲ့ နေ့ကျရင် ဒယ်ဒီက ဒီကုမ္မဏီတစ်ခုလုံးကို သားလက်ထဲ အပ်ပေးမယ်ကွာ "
" အချိန်မတန်သေးပါဘူးဒယ်ဒီရယ် ၊ ဒယ်ဒီဆီကနေ သင်ယူစရာတွေအများကြီးကျန်ပါသေးတယ် "
" အေးပါကွာ ၊ သားသွားနားလိုက်ပါအုံး"
" ဟုတ်ကဲ့ ဒယ်ဒီ"

Still with Me (Complete )Where stories live. Discover now