Episode 8

804 61 0
                                    

Uni

ထယ်ယောင်းတို့အခုရောက်နေတာက ကျောင်းရဲ့အားကစား ကွင်းထဲမှာ
ဘာလို့လဲဆိုရင် ထယ်ယောင်းတို့အခု ပျော်ပွဲစားထွက်ကြမှာမို့လို့ပင်။

" ကဲကျောင်းသားတွေ လူစုံရင် ကားပေါ်တတ်ကြမယ်ဟေ့ "
ထယ်ယောင်းတို့ကားပေါ်တတ်တော့ ဟယ်ဂျီရယ်ဂျောင်ဂုရယ်က ဘေးချင်းကပ်ထိုင်ကြသည်။

ဂျောင်ဂုက ထယ်ယောင်းကို မြင်တော့ ခေါ်မလို့အလုပ်မှာ ဟယ်ဂျီက ဝင်ထိုင်လိုက်တာဖြစ်သည်။

" ထယ်ယောင်း"
ဂျောင်ဂုက ထယ်ယောင်းရဲ့လက်ကို ကိုင်လိုက်သည်။

" ငါ အရှေ့မှာ တစ်ယောက်ထဲ အေးဆေး ထိုင်ချင်လို့ "
ထယ်​ယောင်းလည်း အနောက်သို့ပြန်လှည့်လာသည်။

ထယ်ယောင်း တကယ်တမ်း ခရီးတွေဘာညာမသွားချင်ပါ ၊ ပိတ်ရက်မှာ အိမ်မှာဘဲနေပြီး အမေ့ကို အလုပ်ကူလုပ်ပေးတာဖြစ်ဖြစ် စတိုးဆိုင်မှာ အချိန်ပို ပြီးအလုပ်လုပ်တာ ဖြစ်ဖြစ် လုပ်ချင်ပေမဲ့ ဆရာမက ကျောင်းသား အကုန်လိုက်ရမည်လို့ပြောသည်မို့လို့ လိုက်ခဲ့ရတာဖြစ်သည်။

ထယ်​ယောင်းရဲ့ဘေးနားသို့ အတန်းထဲက ကောင်လေးတစ်ယောက်က လာထိုင်သည်။

" အိုးးးး"
ကားအနောက်မှာ ထိုင်သည့် ကျောင်းသားတွေက ထယ်ယောင်းတို့ကိုကြည့်ပြီး အော်ကြသည်။

" ကိုယ်ထိုင်လို့ရတယ်မလား ထယ်ယောင်းဟျောင်း"
" ထိုင်ပြီးနေပြီပဲဟာ"

ထိုသို့ပြောလိုက်တော့ ထိုကောင်လေးကရှက်သွားသလို ဂုတ်ကို လက်ဖြင့်ပွတ်သပ်လို့နေသည်။

" ဟျောင်း ကျွန်တော့်ကိုသိလား "
" အင်းသိတယ်လေ ၊ ဟျောင်းဂျီ မလား"
" အာ တော်သေးတာပေါ့ ကျွန်တော့်ကိုသိနေတာ"

" အိုးးး ဘာလဲ နင်တို့က အနောက်ကနေ ကြည့်တာတောင် လိုက်ဖက်နေတာ"
" ဟုတ်တယ် တွဲလိုက်ကြပါလား"
အတန်းထဲက မိန်းကလေးတွေက သူတို့ကို အတင်းတွေကို တွဲခိုင်းနေတော့တာပဲ ။
ဘယ်လိုတောင်ပါလိမ့်။

ဟျောင်းဂျီက ထယ်ယောင်းရဲ့ပုခုံးကို သူ့ရဲ့ပုခုံးနဲ့လာတွန်းကာ မျက်ခုံးပင့်ပြသည်။

Still with Me (Complete )Donde viven las historias. Descúbrelo ahora