Episode 4

972 69 0
                                    

Uni

ထယ်ယောင်းဒီနေ့တော့ အိမ်ကိုတောင် တန်းမပြန်တော့ပဲ အမေတို့ရှိတဲ့ဆိုင်ကိုပဲ အပြေးသွားမိသည်။
အကြောင်းမှာတော့ သူ့အဆင့် ကိုကြွားဖို့ပေါ့။

အင်းးးတော်သေးတယ်ပဲပြောရမလား ၊ ဒီနေ့တော့ အကြွေးရှင်တွေ လာမသောင်းကြမ်းထားဘူး ။

အလုပ်လုပ်နေတဲ့ အမေ့ကိုတွေ့တော့ ထယ်ယောင်းက ဝမ်းသာအားရစွာနဲ့ သူ့ရဲ့ report card ကိုပြသည်။

" အမေ သား ဒီအပတ် တော့ အဆင့်၂ ရတယ်"
ထယ်ယောင်းရဲ့အမေကလည်း သူ့ရဲ့ လက်ကို အဝတ်ဖြင့်သုတ်ကာ report card ကိုကိုင်ကြည့်သည်။

" တော်လိုက်တာ ငါ့သားရယ် "
" ဒါပေမဲ့ အရင်အပတ်တုန်းက အဆင့် ၁ရတယ် ၊ ဒီအပတ် အဆင့် ၂ဆိုတော့ အမေသားကို ဘာမှမပြောဘူးလားဟင် "
" ငါ့သားရယ် ဒီလောက် အဆင့် ၂ ရရင်ကို ငါ့သားက တော်နေပြီ ၊ အမေတော့ ကျေနပ်တယ် "

ထယ်ယောင်းရဲ့ အမေက ဝမ်းသာစွာနဲ့ပဲ ပြုံး၍ နေသည်။

" အယ်သားရေ စောစောန တုန်းက ဂျီမင်နီလေး ဆိုင်ကိုလာသွားတယ် ၊ အမေက သား အိမ်ကို အရင်ပြန်မယ်ထင်ပြီး အိမ်မှာဘဲ သွားစောင့်ခိုင်းလိုက်တယ် "

" ဟုတ်လား အမေ ၊ အဲ့ဒါဆို သား အိမ်ပြန်လိုက်အုံးမယ်နော် "

" အေးပါသားရယ် ၊ အမေ လည်း ခဏနေရင် ဆိုင်သိမ်းပြီး လာခဲ့မယ် "

ထယ်ယောင်းက သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ပြန်တွေ့ရတော့မယ်ဆိုတော့ အလွန်ကိုမှ ဝမ်းသာနေလေသည်။

" ဂျီမင် ဂျီမင် "

" အာ ထယ်ယောင်း "

ဂျီမင်က ထယ်ယောင်းကိုတွေ့တွေ့ချင်း ပြေးဖတ်သည်။

" မင်းကိုလွမ်းနေတာကွ ဂျီမင်ရ "

" ငါလည်းအတူတူပါပဲ "

ဂျီမင်က အလယ်တန်းပြီးတော့ နိုင်ငံခြားကို ကျောင်းပြောင်းသွားတာဖြစ်သည်။
ထယ်ယောင်းနဲ့က မူကြိုအရွယ်ထဲက ပေါင်းလာတာဖြစ်သည်။
ဂျီမင် အလယ်တန်းနှစ်မှာဘဲ မိဘတွေက ကားအက်စီဒန့် ဖြစ်ကာ သေဆုံးခဲ့တာဖြစ်သည်။
ထို့ကြောင့် ဂျီမင်က နိုင်ငံခြားမှာရှိတဲ့ အစ်ကို ဝမ်းကွဲ ဆီကို လိုက်နေတာဖြစ်သည်။
အခုသူက အထက်တန်းကျောင်းပြီးတော့ ကိုရီးယားကို အလည် ပြန်လာတာဖြစ်သည်။

Still with Me (Complete )Where stories live. Discover now