Episode 6

840 61 0
                                    

Uni

" သားထယ်လေး စာတွေကခက်ရင် tuition ယူပါလားကွယ်"

" ဟင့်အင်း အမေ မယူချင်ဘူး၊ သားဘာသာ သား စာပုံမှန်လုပ်ရင် ရပါတယ်"

ထယ်ယောင်းစာလုပ်နေတုန်း ထယ်ယောင်းရဲ့ အမေကနေ အနောက်ကနေလာပြီး tuition ယူဖို့ပြောတော့ ထယ်ယောင်းငြင်းမိသည်။
စာတွေက ပြောသလောက်မခက်ပါဘူး၊ ထယ်ယောင်းဦးနှောက်နဲ့ဆိုရင် ရပါတယ်။

" အမေ သမီး မနက်ဖြန်သူငယ်ချင်း မွေးနေ့ပါတီရှိတာမို့လို့ ပိုက်ဆံပေးပါလား ၊ မွေးနေ့သွားဖို့ အဝတ်အစားဝယ်ချင်လို့"

ထယ်ယောင်းရဲ့ညီမဖြစ်သူ မီယောင်းက အိမ်မှုပြသနာဖြစ်နေတာကိုတောင် အလိုက်မသိစွာ သူ့အပျော်အပါးအတွက်ကိုပဲ ကြည့်ပြီး ပိုက်ဆံလာတောင်းသည်။
ထယ်ယောင်းအမေ့မျက်နှာကိုတစ်ချက်ကြည့်လိုက်တော့ ဝမ်းနည်းစွာ မျက်နှာလေးက ညှိုးငယ်နေသည်။

" ရော့မီယောင်း ဒါတွေအကုန်ယူသွား
အိမ်ပြန်ရောက်ရင် တော့ ငါ့စကားကိုနားထောင်ရမယ်"
" ကိုကိုကလည်း နားထောင်ပါတယ် "
" ဒါတွေအကုန်ယူသွား ပြီးတော့ နင်ဝယ်ချင်တာသာဝယ်ခဲ့ ၊ အေးအိမ်ပြန်ရောက်ရင်တော့ အလုပ်လုပ်ရမယ်မှတ်"
" ကိုကိုကလည်း လုပ်ပါတယ်ဆို "

မီယောင်းက စောက်ကြီးအောင့်ကြီးနဲ့ ထယ်ယောင်းပေးတဲ့ ပိုက်ဆံတွေကို ယူကာ ထွက်သွားသည်။

အမေကတော့ သူ့သားသမီးကို လိုတာမဝယ်ပေးနိုင်လို့ဆိုကာ ဝမ်းနည်းနေသည်။

" အမေက အရမ်းတော်တဲ့ အမေပါ ၊ အဲ့ဒါကြောင့် ဝမ်းမနည်းနဲ့နော် ၊ သားက အလုပ်တွေပိုလုပ်ပေးမှာမို့လို့ "

နောက်တစ်နေ့ မီယောင်း မွေးနေ့ပါတီကနေ ပြန်ရောက်တော့

" မီယောင်း ငါနဲ့အတူလိုက်ခဲ့"
" ဘယ်ကိုလဲ ကိုကိုကလည်း မလိုက်ချင်ပါဘူး ၊ ဒီမှာပင်ပန်းနေတာကို"
အမလေး အလုပ်မလုပ်ရတဲ့သူက ပင်ပန်းတယ်တဲ့ ။ ကင်မ်မီယောင်းတော့ ဒရမ်မာတွေခင်းတော့မယ်ဆိုတာကြိုသိနေတယ်။

" နင်ဘာအလုပ်လုပ်ရလို့လဲ ၊ အခုချက်ချင်းငါနဲ့လိုက်ခဲ့!!! "
ထယ်ယောင်းပိတ်ဟောက်လိုက်တော့ သူမက မလိုက်ချင်လိုက်ချင်နဲ့ ထယ်ယောင်းအနောက်သို့လိုက်လာခဲ့သည်။

Still with Me (Complete )Where stories live. Discover now