အပိုင်း ၁

2K 109 2
                                    


"အရှေ့ဘက်​ကုန်းမြေဒေသရဲ့ အဓိကဂိုဏ်းကြီးခြောက်ဂိုဏ်းထဲကတစ်ခုဖြစ်တဲ့ ထန်းရွှမ်တော်ဝင်​ဂိုဏ်းကြီးရဲ့ သရုပ်အမှန်က ဒီလိုလား.."

"အခုကိစ္စက လူတွေကို အနိုင်ကျင့်၊ဖိနှိပ်ရတာအားမရလို့ သမီးဖြစ်တဲ့သူကိုလည်းမချန် မီးတွင်းထဲခုန်ချခိုင်းတဲ့ ဆိုးယုတ်တဲ့ ကိစ္စရပ်ကြီးပဲ..။"

"နောက်ပြီးတော့ အစကနေပြီးအဆုံးထိ ထန်းရွှမ်းဂိုဏ်းကလူတွေအကုန်လုံးက မြင့်မြတ်သောသမီးတော်ရဲ့ စိတ်ရင်းဘယ်လိုရှိသလဲဆိုတာကိုလည်း မမေးကြဘူး..။"

"ဒီနေ့မှာတော့ ငါကပဲ ထန်းရွှမ်ဂိုဏ်းတပည့်သားဆိုတဲ့ ဂုဏ်ပုဒ်ကို စတေးပြီး သူမအတွက် တရားမျှတမှုကို တောင်းဆိုရမယ်...။"

"ဒီ​ကနေ့မှစပြီး ရီချွန်ဆိုတဲ့ငါက ဒီမတရားတဲ့ကိစ္စအတွက် တစ်နေ့ပြန်ပေးဆပ်ခိုင်းလိမ့်မယ်ဆိုတာ ထန်းရွှမ်ဂိုဏ်းတစ်ခုလုံးက မြဲမြဲမှတ်ထားလိုက်.....။"

ခမ်းနားကျယ်ပြန့်လှသည့် ခန်းမဆောင်ကြီးထဲ၌ ထိုအသံကိုကြားလိုက်သည်နှင့် ခန်းမထဲရှိလူများ၏ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။အသံပိုင်ရှင်မှာ ခန့်ညားပြီး မဟုတ်မခံစိတ် အထင်းသားပေါ်လွင်နေသည့် ကြံခိုင်ပုံရသည့် လူရွယ်တစ်ဦး ဖြစ်၏။ထိုလူရွယ်မှာ တစ်စုံတစ်ခုကို မ​ကျေနပ်သည့်အသွင်ရှိပြီး လက်သီးကို တင်းတင်းဆုပ်ထားသည်။ထိုသူ၏ အမည်မှာ "ရီချွန်" ဖြစ်ပြီး ထန်းရွှမ်တော်ဝင်ဂိုဏ်း၏ အတွင်းစည်းတပည့်တစ်ဦးလည်း ဖြစ်၏။

"အတင့်ရဲလိုက်တာ။ အတွင်းစည်း
တပည့်အဆင့်ကများ ကြီးမြတ်တဲ့အရှင်ကို အာခံရဲတယ်...။ "

"မင်းတော့ အသက်ရှင်ချင်နေရတာ ငြီးငွေ့နေပုံပဲ....။"

ထိုအချိန် အနီးရှိအရက်သောက်နေသည့် အကြီးအကဲတစ်ဦးမှ အော်ဟစ် ကြိမ်းမောင်းလိုက်သည်။ထိုအခါမှ ခန်းမအတွင်းရှိလူများစုက ဖြစ်စဥ်ကိုသဘောပေါက်စပြုလာ၏။အကြီးအကဲ၏ မျက်နှာတစ်ခုလုံးမှာ မဲမှောင်နေပြီး ရုပ်ဆိုးအကျဥ်းတန်လို့ နေသည်။ယခုဖြစ်ရပ်မှာ အရှေ့ဘက်ကုန်းမြေဒေသကြီး၏ ဂိုဏ်းကြီးခြောက်ဂိုဏ်းစာရင်းဝင်ဖြစ်သည့် ထန်းရွှမ်တော်ဝင်ဂိုဏ်း၏ အဓိကခန်းမအတွင်းမှာပဲ အတွင်းစည်းတပည့်တစ်ဦး၏ ဖီဆန်မှုကို ကြုံနေရခြင်း ဖြစ်၏။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now