အပိုင်း ၂၃

553 64 0
                                    


သူမစိတ်ထဲ၌ အနည်းငယ်အောက့်သက်သက် ဖြစ်နေခဲ့သည်ကို ဆုချန်းကျီဝန်ခံရမည် ဖြစ်သည်။

သို့ပေမယ့် ယခုမှာတော့ သူမရင်ခုန်သံတွေက အနည်းငယ်ပင် မြန်ဆန်လာရသည်။

ဂူချန်းဂျီလို လူ၏ ကြင်နာတဲ့စကားတွေအောက်မှာ သူမစိတ်တွေ လွင့်မြောသွားခဲ့ရပြီး သာယာမိသလို ဖြစ်ခဲ့တာပဲ ဖြစ်သည်။

သို့သော်လည်း ဂူချန်ဂျီလို လူမျိုး၏ စိတ်ရင်းမှန်ကို ရရှိဖို့မလွယ်ကူမှန်း သူမသိထားခဲ့သည်။

ကန်ထဲရှိ လကိုလက်ဖြင့် မဆယ်ယူနိုင်သကဲ့သို့ ဂူချန်းဂျီ၏ အချစ်ကိုရရှိဖို့က သူမအတွက့်တော့ အလှမ်းဝေးနေဆဲပဲ ဖြစ်သည်။

"ချန်းကျီအပေါ် အရှင့်သားရဲ့ ယုံကြည်မှုတွေက ချန်းကျီ နှလုံးသားကို လှုပ်ရှားစေပါတယ်..။"

ဆုချန်းကျီ၏ ညှင်သာနှုးညံ့တဲ့ စကားသံက တဖန်ထွက်ပေါ်လာပြန်၏။

မြစိမ်းရောင် ဝတ်ရုံနှင့်သူမအလှက ကာရန်မဲ့တေးသွားတစ်ပုဒ်လို လိုက်ဖက်ညီစေသည်။

သူမ၏ အပြစ်ဆိုဖွယ်ရာမရှိ ကြည်လင်အေးမြသော မျက်နှာလေးကို ဂူချန်ဂျီ ရင်ခွင်ပေါ်သို့ မှီချ လိုက်သည် ဖြစ်၏။

သူမအသွင်က ဂူချန်းဂျီ ၏ ကြင်နာမှုတွေကို ဆထက်တံပိုးတိုးလို့ ခံစားလို့နေပုံ ပေါ်သည်။

"စိတ်ရင်းနဲ့လား ဟန်ဆောင်နေတာပဲလား.....?။"

ဂူချန်းဂျီ ဘာမှမပြောပေ။ သူ့ စိတ်ကူးတွေက ပြေးလွှားသွားပြီး မျက်နှာပေါ်၌ အပြုံးတစ်ခု ဖြစ်ပေါ် လာခဲ့၏။

ဆုချန်းကျီလို အမျိုးသမီးမျိုးက စကားတစ်ခွန်း နှစ်ခွန်းလောက်နှင့် အညံ့ခံရလောက်သည့် အမျိုးအစားထဲ မပါဝင်ပေ။

သိုပေမယ့်လည်း ထိုအရာက ဂူချန်းဂျီအတွက် ပြသနာမရှိပေ။ အချိန်ယူပြီး လုပ်ဆောင်ရန်သာ လိုအပ်သည်။

"ဒင်...။"
{ကံကောင်းမှုဖြင့်တွေ့ကြုံသဖြင့် ပိုင်ရှင်၏ ကံကောင်းမှုအမှတ် ခြောက်ဆယ်တိုးလာပြီး ကံကြမ္မာအမှတ် သုံးရာ တိုးလာသည်။}

ထိုအချိန် စနစ်မှ အချက်ပေးသံထွက်ပေါ်လာသည့်အတွက် ဂူချန်းဂျီ အနည်းငယ် အံအားသင့်သွားသည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now