အပိုင်း ၃၉

478 66 0
                                    


လင်းမိသားစုဝင်များ၏ ညလုံးပေါက် ရှာဖွေခဲ့သည့်နောက်တွင် လုပ်ကြံသူကို ရှာတွေ့သွားကြသည်။

လုပ်ကြံသူမှာ အခြားသူတော့မဟုတ်ချေ။ ထိုသူမှာ လင်းမိသားစုခေါင်းဆောင်၏ အပါယ်ခံသားတစ်ယောက်ဖြစ်သော လင်းတန် ဖြစ်ပြီး လင်းမိသားစု၏ အမှိုက်ကောင်ဟု လူတွေသိထားကြသူ ဖြစ်သည်။

လင်းတန်ကို တွေ့ရှိချိန်၌ လူတိုင်း တုန်လှုပ်ခြောက်ခြားသွားကြသည်။

အကြောင်းမှာ လင်းတန်မှာ မှုလဇာစ်မြစ်မှာ အကြီးအကျယ်ထိခိုက်သည့် အသွင် ဖြစ်နေခဲ့သည်။

ထို့အပြင် သူ့ရုပ်ရည်မှာ အလွန်အိုစာနေခဲ့ပြီး သွေးအိုင်ထဲ၌ လဲကျနေလျက်သား ဖြစ်နေခဲ့၏။

နှလုံးသွေးကြောကို ဖြတ်တောက်ကာ သေဆုံးနေတာပဲ ဖြစ်သည်။

သူတို့အနေနဲ့ မည်သို့မည်ပုံ ဖြစ်ပွားခဲ့သည်ကို ဆက်လက်ပြီး စုံစမ်းသိရှိနိုင်ဖို့ရာ မဖြစ်နိုင်တော့ပေ။

မည်သည့်သေဆုံးသွားသောသူမှ စကားပြောနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် လင်းမိသားစုရှိ လူတွေတိုင်းက စိတ်ညစ်ညူးနေကြ၏။

သူတို့ ဘယ်သူ့ကို အပြစ်တင်လို့ တင်ရမှန်းကိုပင် စဥ်းစားမရတော့ပေ။

လူတိုင်း၏ စိတ်ထဲ၌ လင်းတန်ကို အစိမ်းလိုက်ဝါးစားပြစ်ချင်သည်ထိ မုန်းတီးနေကြ၏။

"သူ သေသွားတယ်..ဟုတ်လား...?။"

အဖိုးကြီး မင်လောင်၏ ရှင်းပြချက်ကြားပြီး ဂူချန်းဂျီ ကြောင်အသွားရသည်။

"ဥာဏ်နီဥာဏ်နက်သုံးပြီး လွတ်သွားတာ မဟုတ်ဘူးလား...?။"

ဂူချန်းဂျီ တွေးတောရင်း အခုကိစ္စက အဓိပ္ပါယ်မရှိဘူးဟု တွေးလိုက်သည်။

သူစိတ်ထဲ၌ လင်းတန်သေဆုံးသည်မှာ အမှန်တကယ် မဖြစ်နိုင်ပဲ သေချင်ယောင်ဆောင်သည်သာ ဖြစ်မည်ဟု စဥ်းစားမိလိုက်သည်။

ကျင့်ကြံခြင်းလောကတွင် ထိုကဲ့သို့ အတုအယောင်သေဆုံးခြင်းမျိုးကို လုပ်နိုင်သည့် လျို့ဝှက်နည်းစနစ်များစွာ ရှိသည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now