အပိုင်း ၁၇

558 67 0
                                    


"တော်ဝင်အရှင်..မကောင်းတော့ဘူး....။"
"ကိစ္စကြီးတစ်ခုတော့ ဖြစ်နေပြီ...။"
"ဂိုဏ်းနဲ့ မိုင်တစ်ထောင်အကွာလောက်မှာ အင်အားကြီးအဖွဲ့အစည်းတွေ စုဝေးနေကြတယ်။"
"ရန်ဆုတော်ဝင်မြေ၊နေနတ်ဘုရားနိုင်ငံတို့နဲ့ ရှေးဟောင်းရှောင်းမိသားစုတို့လို့ အင်အားကြီးအဖွဲ့အစည်းတွေ စုစည်းနေကြတယ်။"
"ကြည့်ရတာ ကျန်တော်တို့ ထန်းရွှမ်တော်ဝင်မြေကို တိုက်ဖို့လာကြပုံပဲ......။"

ထန်းရွှမ်တော်ဝင်မြေဂိုဏ်း အစည်းအဝေးခန်းမဆောင် အတွင်း၌ ဖြစ်သည်။
ထန်းရွှမ်တော်ဝင်အရှင်နှင့် အကြီးအကဲများ ဂိုဏ်းအရေးကိစ္စများကို ဆွေးနွေးတိုင်ပင်နေကြ၏။
ထိုအချိန်တွင် ငယ်သားတစ်ဦးမှ ရေးကြီးသုတ်ပြာဖြင့် ပြေးလာပြီး အစီရင်ခံပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထိုသူမျက်နှာမှာတော့ သိပ်မကောင်းလှပေ။
ပြောရမယ်ဆိုလျှင် ကိစ္စမှာအလွန်တရာမှပဲ အရေးကြီးနေတာကြောင့် ဖြစ်သည်။

အခုလို အင်အားကြီးအဖွဲ့အစည်းတွေစုရုံးပြီး လာရောက်တိုက်ခိုက်ခြင်းက  အရှေ့ဘက်ကုန်းမြေဒေသ၏ အထွတ်အထိပ်ဟုတင်စားနိုင်သည့် ထန်းရွှမ်တော်ဝင်မြေတောင်မှ တုန်ဟီးသွားစေနိုင်တာပဲ ဖြစ်သည်။
သို့သော်လည်းပဲ တော်ဝင်အရှင်နှင့် အကြီးအကဲတွေ၏ အမှုအယာတွေကြောင့် သတင်းပို့သူမှာ အံ့သြထိတ်လန့်သွားရ၏။
ထိုသူတွေ၏အမှုအရာတွေက တုန်လှုပ်ခြောက်ခြားပုံမပြပေ။ထိုအစား တည်တည်ငြိမ်ငြိမ်ပဲ ရှိနေတာဖြစ်သည်။

"ဒါပဲလား....?။"
"ဒီလိုကိစ္စလေးနဲ့ ဒီလောက်တောင်မှုပျက်နေရအောင် ထန်းရွှမ်ဂိုဏ်းမျက်နှာ ဘယ်မှာသွားထားလဲ....?။"

အကြီးအကဲတစ်ဦးမှ သတင်းလာပို့သူ ငယ်သားကို ဆူပူလိုက်တာပဲ ဖြစ်၏။
ထိုအကြီးအကဲအသွင်က အခြားအင်အားစုတွေ လာရောက်တိုက်ခိုက်မည့်အရေးကို ဂရုစိုက်ဟန်မရပေ။

"တော်ဝင်အရှင်....။"
"အရှင်က ဒီလိုအခြေအနေတွေ ဖြစ်လာမယ်ဆိုတာကိုသိနေခဲ့ပြီး အမျှော်အမြင်ရှိရှိပဲ ဂူသခင်လေးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ထားနိုင်တာပဲ။"

ထိုအချိန်မှာပဲ နောက်ထပ်အကြီးအကဲတစ်ဦးမှပြုံးကာ တော်ဝင်အရှင်ကို ဦးညွှတ်ပြီး မြောက်ပင့်ပြောဆိုလိုက်တာပဲ ဖြစ်သည်။
ပုံမှန်အချိန်တွေအရဆို ထန်းရွှမ်တော်ဝင်အရှင်အနေနဲ့ အကြီးအကဲတွေ၏ မြောက်ပင့်ပြောဆိုခြင်းကို သာယာနေမည်ပဲ ဖြစ်သည်။
သို့သော်လည်းပဲ လက်ရှိအချိန်မှာတော့ အပြင်ပန်းအရ သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းကာ လက်ဝှေ့ယမ်းပြီး ပြောလိုက်၏။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now