အပိုင်း ၅၈

425 53 2
                                    

ရန်ကျဲစိတ်ထဲ၌ မည်ကဲ့သို့အတွေးများ ဖြစ်ပေါ်နေသည်ကိုတော့ ရီချန် သတိပြုမိခြင်း မရှိပေ။

ဤအတောအတွင်း သူ့၏ကျင့်ကြံမှုအဆင့်တိုးတက်လာမှုအပေါ်၌ ကျေနပ်နေခဲ့ပြီး ယုံကြည်ချက်များပင် တိုးပွားလို့နေသည်။

ရက်အနည်းငယ်ခန့်က ဂူချန်းဂျီ၏ဖိနှိပ်မှုကြောင့် သူ့၏တာအိုနှလုံးသားပင် ယိမ်းယိုင်သွားခဲ့ရကာ ဘဝကိုပင် သံသယဝင်သလို ဖြစ်ခဲ့ရသည်။

ကောလဟာလများကို ပြောဆိုသူများထံမှ ရီချန် ထွက်လာခဲ့တော့သည်။

သူ့၏ ဦးတည်ရာမှာ လျို့ဝှက်နယ်မြေတည်ရှိရာ တောနက်ထဲသို့ ဖြစ်သည်။

လက်ထဲရှိနေသည့်မြေပုံကြောင့် ထိုလျို့ဝှက်နယ်မြေအတွင်းမှ ကောင်းမွန်သည့်အရာများမရရှိမည်ကို သူစိတ်ပူခြင်း မရှိပေ။

လက်ရှိသူ့စိတ်ထဲ၌ မတင်မကျဖြစ်နေရသည်က ဆရာဖြစ်သူရန်ကျဲ၏ မည်သည့်စကားမှပြောဆိုခြင်းမရှိသည့် ကိစ္စပဲ ဖြစ်သည်။

ရီချန် ရိပ်မိနေခဲ့၏။

ဆရာဖြစ်သူမှာ ယခင်သူပြောခဲ့သည့်စကားကြောင့် စိတ်ဆိုးနေဆဲဖြစ်သည်ကို ဖြစ်သည်။

သေချာတွေးကြည့်ပါကလည်း သူ့စကားတွေက ဘောင်ကျော်သွားခဲ့သည်ကို တွေ့နိုင်သည်။

ထိုအတွက် ဆရာဖြစ်သူအားပြန်တောင်းပန်ခဲ့သည်။

သို့သော် ရန်ကျဲမှ ထိုကိစ္စကို ဂရုစိုက်ခြင်းမရှိဘူးဟု ပြောဆိုခဲ့၏

အဆုံးမှာတော့ သူတို့နှစ်ကြား၌ အက်ကြောင်းတစ်ခုက ပေါ်လာခဲ့ပြီ ဖြစ်သည်။

ရီချန်  အကြောင်းအရာတစ်ခုကို နားလည်သွားခဲ့၏။

သူ့အနီးရှိလူများကိုပင် ယုံကြည်နိုင်မှုမရှိသည်ကိုပဲ ဖြစ်သည်။

အထူးသဖြင့် ဆုချန်းကျီ၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရသည့်အချိန်၌ ထိုအတွေးမျိုးကို ဖြစ်လာစေခဲ့၏။

ဆရာဖြစ်သူမှာ သူ့အပေါ်၌ ကြင်နာမှုရှိသော်ငြားလည်း သူမသည် မိန်းမသားတစ်ဦး ဖြစ်လို့နေဆဲပင်...။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now