အပိုင်း ၂၅

550 62 0
                                    


ထန်းရွှမ်တော်ဝင်မြေဂိုဏ်း၌ ဖြစ်ပျက်သမျှတွေက အရှေ့ဘက်ကုန်းမြေဒေသတစ်ခုလုံးကို လျင်လျင်မြန်မြန်ပဲ ပျံ့နှံ့သွားခဲ့သည်။

ထန်းရွှမ်တော်ဝင်မြေကို ကျူးကျော်ဖို့ရောက်လာကြသည့် အဓိကအင်အားကြီးတော်ဝင်မြေများနှင့် အခြားသော ဂိုဏ်းအသီးသီးတို့မှာ တိုက်ခိုက်ဖို့ပင်မဆိုထားနှင့် ရိုကျိုးစွာဖြင့် ဂါရဝပြုခဲ့ရသည့် အဖြစ်ပင် ဖြစ်သည်။

ထိုသတင်း​က များစွာသော ကျင့်ကြံသူများကို အံ့သြထိတ်လန့်စေပြီး မယုံကြည်နိုင်ကြပေ။

တစ်ချိန်ထဲမှာပဲ ထိုနေ့ဖြစ်ရပ်ကို မှတ်တမ်းတင်ထားသည့် ပုံရိပ်ကျောက်တုံးများမှ ပုံရိပ်တွေက ပျံ့နှံ့လာခဲ့သည်။

ထိုပုံရိပ်တွေထဲ၌ ထန်းရွှမ်တော်ဝင်ဂိုဏ်း ခန်းမအတွင်းဖြစ်စဥ်ကို မှတ်တမ်းတင်ထားသည့် ​အကြောင်းအရာများလည်း ပါဝင်သည်။

ထို့ကြောင့် အထက်ဘုံမှ ရောက်လာသည့် လူရွယ်တစ်ဦးအကြောင်းကို လူတိုင်း သိရှိသွားကြသည်။

မရေတွက်နိုင်တဲ့ ကျင့်ကြံသူတွေမှာ အံအားသင့်လို့ မဆုံးနိုင်ပေ။

"အထက်ဘုံဆိုတာ အမှန်တကယ် တည်ရှိတာပဲ.....။ "

လူတိုင်း၏ နှလုံးသားထဲ၌ အမှန်တရားတစ်ခုနှင့် ပြည့်နေခဲ့၏။

ထိုမယုံနိုင်ဖွယ်ရာသတင်းက အရှေ့ဘက်ကုန်းမြေတင်မက အခြားထိစပ်နေသည့် နယ်မြေများကိုပါ ရိုက်ခတ်သွားခဲ့သည်။

"အခု အရှေ့ဘက်ကုန်းမြေဒေသမှာ ပြောင်းလဲမှုတွေ ဖြစ်နေခဲ့ပြီ.....။ "

"မှန်တယ်...။ ဒဏ္ဍာရီလာ အထက်ဘုံမှလာတဲ့ လူငယ်တစ်ဦးကြောင့်ဆို ပိုမှန်လိမ့်မယ် ....။ "

"ရှေးယခင်ကတည်းက အထက်ဘုံကို တက်လှမ်းဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စ တစ်ခုပဲ။ "

"အထက်ဘုံမှ ဆင်းဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး။ "

"ဒါကိုကြည့်တာနဲ့ ဘယ်လောက်တောင်စွမ်းအားကြီးမယ်ဆိုတာကို ခန့်မှန်းလို့ရတယ်။ "

"အရှင်ငယ် ခွန်အားက မိုးကောင်းကင်ကိုတောင် ဆန့်ကျင်နေလိမ့်မယ်....။ "

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now