အပိုင်း ၄၂

442 57 0
                                    


"ဒီမျှော်စင်ကို ဆောက်ခဲ့တဲ့သူက လောကကြီးကို ခံစားရှု့မြင်တတ်တဲ့သူပဲ...။"

ကြယ်ခူးမျှော်စင်၏ အမြင့်ဆုံးအထပ်တစ်နေရာ၌ ဂူချန်းဂျီ လက်နှောက်ပြစ်ကာ ရပ်နေခဲ့သည်။

မျှော်စင်အောက်ရှိ ရှု့ခင်းများနှင့် ပုရွက်ဆိတ်လေးများပမာ လှုပ်ရှားသွားလာနေကြသည့် ကျင့်ကြံသူများကိုကြည့်ရင်း မျှော်စင်ကို တည်ဆောက်ခဲ့သူအား ဂူချန်းဂျီ မချီးမွှမ်းပဲ မနေနိုင်ချေ။

ယခုလို အထက်စီးမှုနေပြီး ကြည့်ရှု့ရသည့် ခံစားမှုမျိုးက အလွန်အံအားသင့်စရာပင်။

အထက်ဘုံပြန်ရောက်ပါက ထိုကဲ့သို့မျှော်စင်မျိုးကို သူနေထိုင်နေရာ၌ ဆောက်လုပ်ဖို့ကို ဂူချန်းဂျီ စဥ်းစားနေ၏။

ယခုမျှော်စင်ထက်တော့ ပိုမြင့်ရမည် ဖြစ်သည်။

သူ့အဆင့်အတန်းအရ ထိုကဲ့သို့ အရာမျိုးက အသေးအဖွဲ့ကိစ္စပဲ ဖြစ်သည်။

"အခုလိုမျိုး သခင်လေးဂူ နှစ်သက်သဘောကျတာသိလို့ ဝမ်းမြောက်ဂုဏ်ယူရပါတယ်..။"

"ဒီမျှော်စင်က ယခင်မိသားစုခေါင်းဆောင်ဟောင်း ဆောက်လုပ်ခဲ့တဲ့ အရာဖြစ်ပြီး အင်ပါယာပြည့်ရှင်တို့ တော်ဝင်မြေခေါင်းဆောင်တို့လို့ အရေးကြီးပုဂ္ဂိုလ်တွေကို ဧည့်ခံတဲ့ နေရာပဲဖြစ်တယ်။"

လင်းချူဟန် အပြုံးဖြင့် ရှင်းပြလိုက်သည်။ သူမပြောနေသည်မှာ အမှန်တွေပင်။ သူမအဆင့်အတန်းအရ ကြယ်ခူးမျှော်စင်သို့ ဝင်ရောက်ရန်အခွင့်မရှိပေ။ သို့သော်လည်း ဂူချန်းဂျီကောင်းမှုကြောင့် ရောက်ရှိနေခဲ့၏။

"မှန်တယ်...။ တစ်ဖက်မှာ နေနှင့်လကိုဆုပ်ကိုင်နိုင်ပြီး ကျန်လက်တစ်ဖက်နဲ့ ကြယ်တွေကို ဆွတ်ခူးနိုင်မယ်..။"

"ဒီအရာကို လောကကြီးပေါ်က ဘယ်သူတွေကများ ငြင်းဆန်နိုင်စွမ်းရှိမှာလဲ...။"
" ဒါ လူတိုင်းက တောင့်တရသည့် ဘဝမျိုးဆိုလည်း မမှားနိုင်ဘူး....။"

ဂူချန်းဂျီ ပြုံးလျှက် ပြောလိုက်သည်။

သူ့တွင် ကာလရှည်စီမံကိန်းတစ်ခု ရှိနေ၏။ လင်းချူဟန်ကို ယခုလိုမြို့အနှံ့သို့ လှည့်လည်ပြသခိုင်းသည်မှာ သူမ၏ မှော်ဆေးပညာပါရမီကို တီးခေါက်ကြည့်ရန် ဖြစ်သည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now