အပိုင်း ၁၁၆ မှ ၁၂၀

492 43 0
                                    


အပိုင်း(၁၁၆)

တာအိုနတ်ဘုရားနန်းတော် အကြီးအကဲများ ဆွေးနွေးတိုင်ပင်နေသည့် တစ်ချိန်ထဲမှာပဲ ဂူရှင်းအာ ကျင့်ကြံမှုပြုရာ မဟာအကြီးအကဲ၏ တောင်ပေါ်တွင် ဖြစ်သည်။

"ဝှစ်.."

ဂူရှင်းအာတစ်ယောက် သူမ၏သွယ်လျသောခန္ဓာကိုယ်ကို အပြာရောင်ဝတ်စုံတစ်ခုဖြင့် တန်ဆာဆင်ထား၏။

လက်ရှိအချိန်တွင် ဂူရှင်းအာ၏မျက်နှာက လေးနက်မှုများဖြင့် ပြည့်နက်နေခဲ့ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေသည်။

သို့ပေမယ့် ၎င်းက သူမ၏ ပြိုင်စံရှားသည့် ဆွဲဆောင်နိုင်မှုကို တစ်နည်းတစ်ဖုံဖော်ကြူးနေဆဲ ဖြစ်သည်။

ဂူရှင်းအာ၏ မျက်လုံးတွေက တင်းတင်းမှိတ်ထား၏။သူမက အပြာရောင် စိတ်ဝိဥာဏ်ကျောက်တုံးပေါ်၌ တင်ပြင်ခွေထိုင်ကာ ကျင့်ကြံနေခြင်းဖြစ်သည်။

မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်များက ဂူရှင်းအာ၏ နောက်ကျောဘက်မှ ဖြာထွက်လို့ ရှိနေကာ အဘက်ဘက်သို့ ပျံနှံ့သွားကြ၏။

လက်ရှိအချိန်တွင် ကောင်းကင်ယံထက်မှ ဆန်းကြယ်သော ခရမ်းရောင် ချီစွမ်းအင်များက ဂူရှင်းအာ အပေါ်သို့ မြူခိုးများအသွင် ကျရောက်လျှက်ရှိနေခြင်းကြောင့် သူမ၏ အသွင်က ကောင်းကင်တာအို၏ ကောင်းချီးမင်္ဂလာပေးခံနေရသည်နှင့်ပင် တူချေသည်။

ထိုခရမ်းရောင်ချီစွမ်းအားများက မဟာတာအို၏အငွေ့အသက်များကို တစ်ပါးထဲယူဆောင်လာခဲ့ကာ ဂူရှင်းအာကိုယ်ပေါ်သို့ သွန်းလောင်းနေသည့်ပုံက မသိရင် သူမခေါင်းပေါ်၌ မမြင်ရသည့်တွင်းနက်ကြီးတစ်ခု ရှိနေသည့်အတိုင်း ဖြစ်သည်။

တစ်ချိန်ထဲတွင် ဂူရှင်းအာ၏ တာအိုအရိုးများက တစ်ဖျစ်ဖျစ် မြည်တမ်းလာခဲ့ပြီး ခမ်းနားကြီးကျယ်လှသည့် အရှိန်အဝါတစ်ရပ်ကို လွင့်ထုတ်လိုက်တော့သည်။

ထိုတာအိုအရိုးများက အင်မော်တယ်ချီစွမ်းအင်များဖြင့်ပြည့်နက်နေသည့် အင်မော်တယ်အရိုးများလိုပင်..။

အပြစ်အနာအဆာကင်းကာ သလင်းကျောက်များပမာ ကြည့်လင်တောက်ပနေကြ၏။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now