အပိုင်း ၆၂

420 53 2
                                    


ဂူချန်းဂျီ၏ အသွင်က လှောင်ပြောင်နေသလိုရှိနေပြီး ရီချန်ကြည့်သည့် အကြည့်က ပုရွက်တစ်ကောင်ကို ကြည့်နေသည့် အလားပင်။

၎င်းက ရီချန်ကို ဒေါပွစေရသည်။

အထူးသဖြင့် ဂူချန်းဂျီ၏ စကားက သူ့မျက်လုံးများကို ပြာဝေသွားစေခဲ့ကာ သွေးအန်လုမတတ်ပင် ဖြစ်သွားစေသည်။

အမှန်တော့ ဆရာဖြစ်သူအား ရီချန်သံသယရှိနေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း သူ့နှလုံးသား၌ မျှော်လင့်ချက်ခပ်ရေးရေးကို ဆုတ်ကိုင်ထားခဲ့သည်။

ယခုပြောလိုက်သည့် ဂူချန်းဂျီစကားက ၎င်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ရိုက်ချိုးပစ်လိုက်သည့် အတိုင်းပင်...။

ဒေါသဖြစ်ရလွန်းလို့ လက်ထဲတွင်ရှိသည့် လက်စွပ်ကိုပင် လွှင့်ပြစ်တော့မတတ်ဖြစ်သွားခဲ့၏။

"ဒီကိစ္စသာ ဆရာ​နဲ့ မပတ်သက်ဘူးဆိုရင် ဂူချန်းဂျီဆီက ဒီလိုလေသံမျိုးကို ကြားရမှာမဟုတ်ဘူး...။"

"ငါအရင်က ကန်းနေလို့ မရိပ်မိခဲ့တာပဲ...။"

သို့မဟုတ်ပါက အမွေအနှစ်တည်ရှိအရပ်သို့ သူခြေချစဥ်လိုက်စဥ်မှာပဲ ယခုလို ဂူချန်းဂျီရောက်ရှိလာခဲ့ပုံမျိုးတော့ မဖြစ်သင့်ပေ။

ရန်ကျဲကို ရီချန်ဒေါသတကြီး အော်ဟစ်မေးလိုက်၏။

"ဒါ့ကြောင့် ဆရာငါ့ကို အခုတစ်လော စကားမပြောတာ မဟုတ်လား...။"

"မထူးဆန်းပါဘူး ဆရာကကိုယ့်ကိုကိုယ် အပြစ်ရှိသလို ခံစားနေရလို့ မဟုတ်လား..။"

"ငါက ဆရာ့အပေါ်မှာ ဆရာသမားကောင်းတစ်ယောက်လို ဆက်ဆံပေမယ့် ဆရာကတော့ ငါ့ရန်သူနဲ့ ပေါင်းကြံနေခဲ့လို့လေ။"

၎င်းမြင်ကွင်းကြောင့် ဂူချန်းဂျိီ မိမိကိုယ်ကိုပင် လေးစားစိတ်ပေါ်လာခဲ့ရ၏။

အနာဟောင်းကိုဆွလိုက်သည်နှင့် ရီချန်ပေါက်ကွဲလာခဲ့ရသည်မှာ အမှန်ပင်ဖြစ်သည်။

ဦးနှောက်ရှိသည်မှာ ကောင်းမွန်သည့်အရာဖြစ်၏။

စိတ်မကောင်းစွာပဲ ယခုလက်ရှိရီချန်၌ ဦးနှောက်ရှိမနေခဲ့ပေ။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now