အပိုင်း ၃၁

494 65 0
                                    


လူနှစ်ယောက်၏ အရေးမစိုက်သော အပြုအမှုကြောင့် လင်းတန်မျက်နှာမှာ  ရုပ်ဆိုးအကျဥ်းတန်လို့ နေ၏။

"လင်းမိသားစုရဲ့ ဘိုးဘေးတဲ့လား...?"

"ပြီးတော့ အရှင်ငယ်ဆိုပဲ ဘာကောင်တွေလဲဟ...?"

လင်းတန် အရေးစိုက်ခြင်းမရှိပေ။ သူ့စိတ်ထဲ၌ အဇူရာကမ္ဘာကြီးပေါ်၌ ရှိရှိသမျှလူတွေက  ကလေးသာသာအဆင့်ပဲ ဖြစ်သည်။

ဤကမ္ဘာရှိ အမြင့်ဆုံးကျင့်ကြံသူမှာ အမည်ခံနတ်ဘုရားအဆင့်ထက်မပိုပေ။

ထို့ကြောင့် သူ့လို အတိတ်ကာလနတ်ဘုရင်တစ်ပါးအနေနဲ့ လက်တစ်ချောင်းဖြင့်ပင် တောက်ချနိုင်သည့် အဆင့်တွေပဲ ဖြစ်သည်။

ရှင်းလင်းစွာပဲ လင်းတန်သွားမည် မဟုတ်ပေ။

"ဘိုးဘေးကို တွေ့ဖို့ဟုတ်လား...?။"

"ငါစိတိမဝင်စားဘူး..။ဒါကိုပြောဖို့လာတာဆိုရင် မင်းတို့တွေ သွားနိုင်ပြီ။"

လင်းတန် ထိုသူတွေအပေါ် အကောင်းမြင်စိတ် မရှိပေ။ ချက်ခြင်းဆိုသလို အေးစက်သောလေသံနှင့် မောင်းထုတ်လိုက်သည်။

"မင်း..."
ထိုနှစ်ယောက်၏ စကားသံ သံပြိုင်ထွက်လာ၏။

လင်းတန်အပြောကြောင့် ဒေါသထွက်သွားပုံရသည်။

ယခင်တုန်းက သူတို့ကို လင်းတန် ထိုကဲ့သို့လေသံမျိုးဖြင့် မပြောဖူးပေ။

အခုတလော လင်းတန်အပြုအမူတွေက ရူးနှမ်းနေခဲ့တာ ဖြစ်သည်။

ယောက်င်္ကျားလေးဖြစ်သူမှ လင်းတန်ကို သင်ခန်းစာပေးရန် ဟန်ပြင်လိုက်သည်။
သို့သော်လည်း ဘေးရှိ မိန်းကလေးဖြစ်သူမှ ဆွဲထားသောကြောင့် မလုပ်ဖြစ်ပေ။

တစ်ဆက်ထဲမှာပဲ ထိုမိန်းကလေးမှ အဖော်ယောက်င်္ကျားလေးကို
"ဘိုးဘေးအထက်ဘုံက ပြန်လာတဲ့ ကိစ္စကြီးကိုမှ သူမလာချင်ရအောင် လင်းမိသားစုဝင်  မဖြစ်ချင်တော့ဘူးနဲ့ တူတယ်။ အခုချိန် ပြသနာမဖြစ်တာ အကောင်းဆုံပဲ။ မဟုတ်ရင် မိသားစုခေါင်းဆောင် သိလို့ကတော့ ငါတို့အပြစ်ပေးခံနေရမယ်"
ဟု ပြောလိုက်သည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now