အပိုင်း ၈၁ မှ ၈၅

495 54 6
                                    


အပိုင်း (၈၁)

ရန်ကျဲက ဂူချန်းဂျီ၏တံဆိပ်ပြားကိုကိုင်ဆောင်ထားသောကြောင့် လမ်းတစ်လျှောက်တွင် မည်သည့်ဂူမျိုးနွယ်စုဝင်ကမှ တားဆိီးဝံ့ခြင်းမရှိပေ။

ယခုချိန်တွင် ဂူချန်းဂျီက မျိုးနွယ်စုခေါင်းဆောင်အလောင်းလျာတစ်ဦး ဖြစ်နေခဲ့ပြီဖြစ်သောကြောင့် သူ့၏ မျိုးနွယ်စုအပေါ် သြဇာလွှမ်းမိုးနိုင်စွမ်းက အဆမတန် မြင့်မားလာခဲ့၏။

ထိုကြောင့် ရန်ကျဲကို မည်သူကမျှမြင့်တွေ့ဖူးခြင်းမရှိသော်လည်း အပြစ်ပြုဝံ့ခြင်းမရှိကြပေ။

နောက်ရက်များတွင် ဂူချန်းဂျီ စိတ်သက်သာစွာဖြင့်သာ အနားယူနေခဲ့သည်။

သိပ်မကြာခင်ပဲ အဖိုးကြီးမင်လောင်က အပယ်ခံမျိုးနွယ်စုဝင်များကို ခေါ်လာခဲ့၏။

၎င်းက ဂူမျိုးမျိုးနွယ်စုတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

ဂူမျိုးနွယ်စုအကြီးအကဲများစွာက ကိုယ်တိုင်ကိုယ်ကျပင် သွားရောက်ကြိုဆိုနေကြ၏။

၎င်းတို့သည်လည်း ပျော်ရွှင်နေကြပုံရသည်။

ပုံမှန်မဟုတ်သော မည်သည့်အပြုအမှုမျိုးကိုမှ ဂူချန်းဂျီ မပြတာကိုမြင်ပြီး မျိုးနွယ်စုဝင်တိုင်းက စိတ်အေးသွားရသည်။

ထိုကာလများတွင် အပယ်ခံမျိုးဆက်ခွဲမှလူများကို ဂူချန်းဂျီသွားရောက်တွေ့ဆုံခဲ့သော်လည်း မည်သည့်အပိုစကားမှ ဆိုခြင်းမရှိပေ။

တစ်ခုပဲရှိသည်။

ဂူချန်းဂျီက ထိုသူများ၏ လှုပ်ရှားမှုများကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့တာ ဖြစ်သည်။

၎င်းမှာ အကြောင်းမဲ့တော့ မဟုတ်ပေ။

သူ့အနေနဲ့ ထိုသူများလက်စားချေဖို့ကြိုးပမ်းလာမည်ကို ကြောက်ရွံ့နေမည်မဟုတ်သော်လည်း အရာရာတိုင်းကို သူ့ထိန်းချုပ်မှုအောက်မှ လွှတ်ကင်းသွားလိုခြင်း မရှိတာ ဖြစ်သည်။

ထိုအချိန် မျိုးနွယ်စုအကြီးအကဲများ၏ ဖိအားပေးချက်ကြောင့်မဟုတ်ပဲ ဂူချန်းဂျီကိုယ်တိုင်က သူတို့ကိုပြန်ခေါ်မည့်အရေးကို စတင်ခဲ့သည့် အကြောင်းစုံကို အပယ်ခံမျိုးဆက်ခွဲမှလူများ သိရှိသွားကြ၏။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now