၁၉၉ - ၂၀၀

590 46 0
                                    

ဗီလိန်တစ်ဦး၏ ကံကြမ္မာ
ဘာသာပြန်.လင်းသန့်

အပိုင်း ၁၉၉

"နှမျောစရာပဲ။ခင်ဗျားရဲ့ဆက်ခံသူက အရမ်းအားနည်းလွန်းတယ်"
ဂူချန်းဂျီက ရှေးဟောင်းလူဝင်စားမဟာဧကရာဇ်ကိုကြည့်ကာ ပြုံးလိုက်သည်။
"အတင့်ရဲလှချည်လား ဂျူနီယာ မင်းတော့ ကိုယ်သေတွင်းကိုယ်တူးတာပဲ"
ရှေးဟောင်းလူဝင်စား မဟာဧကရာဇ် ယမ်းပုံမီးကျသည့်နှယ် ဒေါသထွက်သွားသည်။တစ်ဖက်လူက သူ၏ဆက်ခံသူကို သူ့ရှေ့၌ပင် သတ်ရဲခြင်း ရှိပေသည်။
'သူက ဒီလိုလက်နက်ကိုပိုင်ထားပေမယ့်လည်း ဒါမျိုးကိစ္စကတော့ လက်ခံနိုင်စရာမရှိဘူး'
ထိုနောက် သူက ကောင်းကင်ပြာကြီးကဲ့သို့ ကျယ်ပြန့်ကာ ရက်စက်ကြမ်းကြုတ်သော ချီစွမ်းအင်များနှင့် ဂူချန်းဂျီကို တိုက်ခိုက်လိုက်သည်။
"မစိုးရိမ်ပါနဲ့။ခင်ဗျားကို ခင်ဗျားရဲ့ချစ်လှစွာသောဆက်ခံသူလေးနဲ့ ဆုံစည်းနိုင်အောင် သေချာ ပေါက်လုပ်ပေးပါ့မယ်"
စကားဆုံးသည်နှင့် ဂူချန်းဂျီက အင်္ကျီလက်ထဲမှနေ၍ လက်ဖဝါးအရွယ်ရှိ အနက်ရောင်ပုလင်းတစ်လုံးကို ထုတ်လိုက်သည်။
ချက်ခြင်းဆိုသလို ဟင်းလင်းပြင်ထဲ၌ သစ်စေးနက်ရောင် မှော်သင်္ကေတတစ်ခုကတဖျတ်ဖျတ်လှုပ်လာပြီး သံပူဖြင့် တံဆိပ်ခတ်လိုက်သကဲ့သို့ ရှေးဟောင်းလူဝင်စားမဟာဧကရာဇ်ရှိနေသည့် ဟင်းလင်းပြင်အား ချိတ်ပိတ်လိုက်သည်။
ထိုအနက်ရောင် မှော်သင်္ကေတများတွင် ထူးဆန်းသော စွမ်းအားများပါဝင်ပြီး ဟင်းလင်းပြင်၏ နေရာလပ်မကျန်အောင် စိမ့်ဝင်သွားသည်။ထို့နောက် အနက်ရောင်မြူခိုးများက တဖြည်းဖြည်း များပြားလာခဲ့၏။
"အင်မော်တယ်ဝါးမြိုခြင်းတားမြစ်ကျင့်စဥ်..."

ထိုအချိန်၌ ရှေးဟောင်းလူဝင်စားမဟာဧကရာဇ်သည် အရှိုက်အား ထိုးနှက်ခံလိုက်ရသည့်နှယ် မျက်နှာပျက်ယွင်းသွားသည်။ အထူးသဖြင့် ဂူချန်းဂျီ၏ အင်္ကျီလက်ထဲမှ အနက်ရောင်ပုလင်း ထွက်ပေါ်လာသည်ကိုမြင်သောအခါ သူမယုံကြည်နိုင်ဖြစ်သွားခဲ့ရသည်။သူက ဂူချန်းဂျီကို အထင်မသေးရဲတော့ပေ။
'ဒီကောင်က တကယ်ပဲ အင်မော်တယ်ဝါးမြိုခြင်းနတ်ဆိုးကျင့်စဥ်ရဲ့ ဆက်ခံသူပဲ'
'ဒီကောင် လူရောဟုတ်သေးရဲ့လား သူက ရှေးမဟာဧကရာဇ်ရဲ့ဝိဥာဥ်ကိုတောင် ထိပါးဖို့စဥ်းစားရဲတယ်... ။ကြောက်စရာကောင်းလိုက်တာ..'
ရီလင်းသေသွားပြီဖြစ်သော်လည်း လည်ဆွဲအတွင်းရှိ လိပ်အိုကြီးမှာ မသေခဲ့ပေ။ သူက ထိုမြင်ကွင်းကိုကြည့်ရင်း မထိန်းချုပ်နိုင်အောင် တုန်လှုပ်မိသွားသည်။
မကြာမီ ဟင်းလင်းပြင်တစ်ခုလုံး အနက်ရောင်သင်္ကေတများဖြင့် အုံ့ဆိုင်းပိတ်ဆို့သွားလေ၏။
အနက်ရောင် မြူနှင်းထုက တလိပ်လိပ်တက်လာပြီး ပိန်းပိတ်အောင်မှောင်သွားကာ အရပ်မျက်နှာအားလုံးကို ဖုံးလွှမ်းသွားသည်။ ဂူချန်းဂျီက အနက်ရောင်တာအိုပုလင်းကို ကိုင်ဆောင်ထားသည်။သူ့ပုံရိပ်အား မြူခိုးထုက လွှမ်းခြုံထားသည်။
ဒေါသထွက်ခြင်း၊ နောင်တရခြင်း နှင့် မယုံကြည်န်ိုင်ခြင်း စသည့်ထူးဆန်းသော စိတ်ခံစားချက်များနှင့် လိပ်အိုကြီး၏ နှလုံးသားမှာ တုန်လှုပ်နေ၏။
တစ်ချိန်က ရှေးဟောင်းလူဝင်စားမဟာဧကရာဇ်သည် ကောင်းကင်နဲ့မြေကြီးကိုပင် ဖိန့်ဖိန့်တုန်ခဲ့စေသူတစ်ဦး ဖြစ်သည်။ သူ၏ ဝိဥာဥ်အမျှင်တန်းသေးသေးလေးတစ်ခုသည်ပင် စကြဝဠာကြီးတစ်ခုလုံးက်ို အတွေးတစ်ချက် တည်းနှင့် ဖျက်ဆီးနိုင်သည်အထိ စွမ်းအားကြီးပြီး ကြောက်စရာကောင်းသူ ဖြစ်ခဲ့သည်။
ယခုမှာမှု ထိုကဲ့သို့ မိုးကောင်းကင်ကိုပင် အန်တုနိုင်အောင် ကြောက်စရာကောင်းသူက လူငယ်မျိုးဆက်သစ်လေးတစ်ယောက်၏ ဆော့ကစားခြင်းကို ခံနေရသည်။ဤကိစ္စသာ ပြင်ပလောကတွင် ပြန့်သွားခဲ့လျှင် အရှိန်အဟုန်ပြင်းသော လှိုင်းလုံးကြီးများကို ဖြစ်သွားစေပေလိမ့်မည်။
မကြာလိုက်ပေ။ပရမ်းပတာ အခြေအနေများ ပြီးဆုံးသွားပြီး ဟင်းလင်းပြင်ကို ဖုံးလွှမ်းနေသည့် အနက်ရောင်နှင်းမြူများလည်း ပျောက်ကွယ်သွားသည်။များပြားလှသော တာအိုသင်္ကေတများလည်း ကွယ်ပျောက်သွားကြ၏။
ဂူချန်းဂျီက တည်ငြိမ်စွာ ထွက်လာခဲ့သည်။ သူ့အင်္ကျီလက်များအောက်တွင် အနက်ရောင်တာအိုပုလင်းသည် ပုံမှန်မဟုတ်သည့် အရိပ်အယောင်များပင် မကျန်ခဲ့ဘဲ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
ထို့အတူ ရှေးဟောင်းလူဝင်စားနတ်ဘုရား၏ ဝိဥာဥ်သည်လည်းပဲ...ပျောက်ကွယ်သွားလေသည်။
ဖျက်ဆီးခြင်းရှစ်ပါးနတ်ဆိုးလှံက အကာအရံကိုဖြတ်သွားပြီး ၎င်းနောက်မှ ခြေရာလက်ရာများအဖြစ်ကျန်ခဲ့သော ဖုန်မှုန့်များကို ရှင်းလိုက်သည်။
ဖုန်မှုန့်များကို​ ကိစ္စဖြတ်ပြီး ပတ်ဝန်းကျင်တွင် ရှင်းလင်းသွားသောအခါ...
ဂူချန်းဂျီက ရှေ့သို့ဆက်လျှောက်သွားလိုက်ကာ အနီးနားရှ်ိ အကာအရံထဲမှ တာအိုသင်္ကေတများကို အေးအေး ဆေးဆေးပင် စုဆောင်းနေသည်။ ယခုလေးတင် ကောင်းကင်ဘုံကိုကိုင်လှုပ်စေန်ိုင်သော တိုက်ပွဲဆင်နွှဲခဲ့ရသူနှင့်မတူဘဲ သူ၏ဝတ်ရုံက အသစ်အတိုင်းဖြစ်နေဆဲ ဖြစ်သည်။
"ရှေးဟောင်းလူဝင်စားမဟာဧကရာဇ်ရဲ့ ဝိဥာဥ်က ဒီလောက်လေးပဲလား..."
ဂူချန်းဂျီက ခေါင်းခါယမ်းလိုက်၏။ထို့နောက် သူက ရှေ့တွင်ရှိသော အဆုံးမဲ့အလင်းများဖြာထွက်နေသော ငွေရောင်ဘုံဗိမာန်ကို ကြည့်လိုက်သည်။
သူ့မျက်နှာထက်တွင် အပြုံးရေးရေးပေါ်လာ၏။အဆုံးသတ်တွင် အရာအားလုံးသည် သူစီစဥ်ထားခဲ့သလိုမျိုး အစီအစဥ်တကျပင် ပြီးဆုံးသွားခဲ့သည်။
ထို့နောက် ဂူချန်းဂျီက ဖျက်ဆီးခြင်းရှစ်ပါးလှံ၏ ညည်းညူသံနှင့် သဘောမတူဟန်များကို လျစ်လျူရှုကာ ၎င်းကို အညှာအတာမဲ့စွာဖြင့် စနစ်သိုလှောင်ခန်းထဲသို့ ပြန်ထည့်လိုက်သည်။
 
ထိုအချိန်တွင် ဂူချန်းဂျီ၏ စိတ်ထဲတွင် စနစ်၏ အသံကိုကြားလိုက်သည်။
[ ဒင်! ကံတရားရိတ်သိမ်းခြင်းကတ်က အောင်မြင်စွာရိတ်သိမ်းပြီးပါပြီ။ပိုင်ရှင်သည် ကံကောင်းမှုအမှတ် ၅၀၀၀နှင့် ကံကြမ္မာအမှတ် ၂၅၀၀၀ရရှိပါတယ်]
[ ဒင်! ကံကြမ္မာသားတော် ရီလင်းကို သတ်ရမည့်တာဝန်ပြီးမြောက်ပါပြီ။ ကံကောင်းမှုအမှတ် ၃၀၀၀နဲ့ ကံကြမ္မာအမှတ် ၁၅၀၀၀ ရရှိပါတယ်]
[ဒင်! ပိုင်ရှင်က ကံကြမ္မာသားတော်ကိုသတ်လျှင် ဆုရရှိမည့် လုပ်ဆောင်ချက်ကို ပြီးမြောက်သွားပါပြီ။အပိုဆုလာဘ်အနေဖြင့် ကောင်းကင်ဘုံတာအိုရတနာ သေတ္တာတစ်လုံး ရရှိပါတယ်]
'ကံကြမ္မာအမှတ် ၄၀၀၀၀နဲ့ ကံတံရားအမှတ်က ၈၀၀၀..ရီလင်းက ငါ့ကိုဘယ်လိုအထင်ကြီးအောင် လုပ်ရမယ်ဆိုတာ သိသားပဲ'
ဂူချန်းဂျီ၏ မျက်နှာတွင် ကျေနပ်သည့်အမူအယာပေါ်လာသည်။
သူက ရှေးဟောင်းလူဝင်စားမဟာဧကရာဇ်၏ ဝိဥာဥ်အား သူ၏ ဟင်းလင်းပြင်အစွမ်းဖြင့် ချုပ်နှောင်ထားခဲ့စဥ်က ကံတရားရိတ်သိမ်းခြင်းကတ်အား ရီလင်းအပေါ် အသုံးပြုခဲ့သည်။
ထို့အပြင် ရီလင်း၏ ထိန်းချုပ်နိုင်စွမ်းမဲ့သွားခြင်း​က ရိတ်သိမ်းခြင်းကတ်၏ အကျိုးသက်ရောက်မှုက အောင်အောင်မြင်မြင်ပင် ပြီးမြောက်ခဲ့သည်။ချက်ချင်းပင် သူက ကံကောင်းခြင်းအမှတ် ၅၀၀၀ ရလိုက်သည်။
ဂူချန်းဂျီက ရတနာသေတ္တာအား ချက်ခြင်း ဖွင့်ခိုင်းလိုက်၏။ထိုနောက် ရင်းနှီးကျွမ်းဝင်နေသော အလင်းရောင်က သူ့မျက်စိရှေ့တွင် ပေါ်လာသည်။
မကြာမီ ယင်နှင့်ယန်ကို ကိုယ်စားပြုသော အနက်နှင့်အဖြူရောင် အလင်းတန်းတစ်စုံ တောက်ပလာသည်။ သူတို့က ဂူချန်းဂျီ၏လက်ထဲတွင် ပေါ်ပေါက်လာကြပြီး အင်မော်တယ်အလင်းတန်းအစုအဝေးကဲ့သို့ မှိန်ဖျော့ဖျော့ လင်းလက်နေကြသည်။
ထိုထဲတွင် အလွန်ပင် လေးနက်သိမ်မွေ့ပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို သိုဝှက်ထားသည်။
သေခြင်းရှင်ခြင်းစက်ဝန်းများ၊ နယ်ပယ်ကြီးများ၏ အောင်မြင်မှု ကျရှုံးမှုများနှင့် အထက်ကောင်းကင်ဘုံမှ တိုက်ပွဲများ...
  
အိပ်မွေ့ချထားခံသူတစ်ဦးပမာ ဂူချန်းဂျီသည် များစွာသောအံ့ဖွယ်မြင်ကွင်းများကို မြင်တွေ့လိုက်ရသည်။
စကြဝဠာကြီး၏ လျှို့ဝှက်ချက်များက သူတို့ကိုယ်တိုင်ပင် ဂူချန်းဂျီရှေ့တွင် ထုတ်ဖော်လာကြသည်။စကြာဝဠာပြင်ပထိတိုင် ဆန့်ထွက်နေသော ကမ္ဘာ့သစ်ပင်သည် များစွာသောနယ်ပယ်များနှင့် မျ်ိုးဆက်များအားလုံး၊ ကမ္ဘာပေါင်းများစွာနှင့် အလင်းနှစ်များကို ကျော်လွန်ခဲ့ရသည်။သစ်ပင်၏ အောက်ခြေတွင်မု လောကပေါင်းများစွာမှ ဝိဥာဥ်များက အတူတကွ ဆက်သွယ်နေကြသော တောက်ပကျယ်ပြန့်သည့် ကြယ်ပင်လယ် အစုအဝေးကြီးပမာ ရှိနေ၏။
'အံ့သြဖို့ကောင်းလိုက်တာ စကြဝဠာကြီးရဲ့လည်ပတ်မှုကို ထိန်းပေးနေတဲ့ အမြင့်ဆုံးဥပဒေသလို့သတ်မှတ်ထားတဲ့ သေခြင်းရှင်ခြင်းစက်ဝန်းနောက်ကွယ်က အဓိပ္ပာယ်အစစ်ကို ထုတ်ဖော်ပေးတဲ့ရတနာပဲ'
ဂူချန်းဂျီက ပို၍ပင်ကျေနပ်သွားရသည်။ရီလင်းကို အချိန်အကြာကြီး အကွက်ချပြီးနောက် ယခု သူ့လုပ်အား၏ အသီးအပွင့်ကို စားသုံးလိုက်ရပြီဖြစ်သည်။
ထို့ပြင် ဂူချန်းဂျီတွင် အလွန်အသုံးဝင်မည့် ရှေးဟောင်းလူဝင်စားမဟာဧကရာဇ်၏ ဝိဥာဥ်ကို သန့်စင်ရန် အခွင့်အရေးရခဲ့ပြီဖြစ်သည်။

မူလက သူသည် အဆိုးဆုံးအတွက် ပြင်ဆင်ထားခဲ့သည်။ ကံကောင်းခြင်းသည် ရေရာမှုမရှိဘဲ ပြောင်းလဲလွယ်သောကြောင့် အမှတ်၁၀၀၀၀ အထက်ရှိသူများပင် အလွယ်တကူ သေဆုံးန်ိုင်ကြသော်လည်း ရီလင်းက မယုံကြည်န်ိုင်လောက်အောင် မြင့်မားသည့် ကံကောင်းခြင်းအမှတ်ကို ထိန်းထားခဲ့သည်။ထိုအချက်နဲ့တင် သူကိုင်ထားခဲ့သည့် ဝှက်ဖဲများမှာ အားမနည်းကြောင်း သိသာလှသည်။
ဤကဲ့သို့ဖြင့် ရှေးဟောင်းလူဝင်စားမဟာဧကရာဇ်က ရီလင်းအတွက် စွမ်းအားကြီးသော အသက်ကယ်အဆောင်တစ်ခု ချန်ထားခဲ့ပြီး ထိုအဆောင်သည် သူ၏ ကိုယ်ပိုင်တာအိုဥပဒေသဓမ္မကိုယ်ထည်၏ အစိတ်အပိုင်းတစ်ခုဖြစ်လိမ့်မည်ဟု ဂူချန်းဂျီက ခန့်မှန်းလိုက်၏။
ကံဆိုးစွာဖြင့် အဆုံးသတ်တွင် ၎င်းသည် မှုလဝိဥာဥ်၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်နေခဲ့သည်။
ဂူချန်းဂျီ အလွန်ပင်နောင်တရနေမိသည်။ သူ၏ ကြိုတင်စီစဥ်တွက်ချက်မှုများအရ သူက ထိုကဲ့သို့သော ပြိုင်ဖက်မျိုးနှင့် ထိပ်တိုက်တွေ့န်ိုင်ရန် ပြင်ဆင်ခဲ့သည်။သို့သော် သူပြင်ဆင်ထားသည်က မှုလဝိဥာဏ်၏ ၁%မျှသာရှိသော ဝိဥာဥ်အစိတ်အပိုင်းတစ်ခုနှင့်သာ ရင်ဆိုင်လိုက်ရပြီး အဆုံးသတ်သွားသည်။
တစ်နည်းအားဖြင့်ပြောရလျှင် သူသည် ရီလင်း၏ 'ဝှက်ဖဲ' အပေါ်တွင် အထင်ကြီးလွန်းမိသွားသည်။
ထို့ပြင် ဂူချန်းဂျီသုံးခဲ့သော အနက်ရောင်တာအိုရတနာပုလင်းသည် မှော်သင်္ကေတများကို စုပေါင်းဖန်တီးထားသော ထုတ်ကုန်မျှသာမဟုတ်ပေ။ ၎င်းသည် အနက်ရောင်တာအိုရတနာပုလင်းစစ်စစ်ဖြစ်သည်။ ဤပုလင်း၏ မွန်မြတ်သန့်စင်မှုသည် ကပ်ဘေးကိုပင် ဖယ်ရှားန်ိုင်သည်ဟု ဆိုကြသည်။
ကြောက်မက်ဖွယ် သွေးမြူခိုးထုသည်တောက်ပနေသော ကြယ်များကိုပင် ဝန်းရံကာ ကမ္ဘာတစ်ခွင်လုံးသို့ စ်ိမ့်ဝင်ပျံ့နှံ့နေသည်။
ရှေးဟောင်း အင်မော်တယ်ကုန်းမြေ၏ ဘိုးဘေးများနှင့် ပုဂ္ဂိုလ်ထူးကြီးများ၏ အလောင်းကောင်များထံမှ ထွက်လာသော အဆုံးမဲ့ သွေးအဆီအနှစ်သည် အနန္တစကြဝဠာ၏ အနက်ရှိုင်းဆုံးနေရာများထဲသို့ နစ်မြုပ်မသွားမီ တစ်ခုပြီးတစ်ခု တိမ်နီရောင်မှ ကြက်သွေးရင့်ရောင်သို့ ပြောင်းလဲသွားခဲ့သည်။

ဤအရာသည် ဂူချန်းဂျီ၏ ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သော အနက်ရောင်တာအိုရတနာပုလင်း မည်ကဲ့သို့ တည်ရှိလာပုံပင် ဖြစ်သည်။
အကယ်၍ သူသာ ရှေးဟောင်းလူဝင်စားမဟာဧကရာဇ်၏ ရက်စက်သောနည်းလမ်းများကို အလွန်အကျွံမစိုးရိမ်မိခဲ့လျှင် ဤဝှက်ဖဲကို လိုလိုလားလားနှင့် သုံးခဲ့လိမ့်မည်မဟုတ်ပေ။
သူ၏ ဝင်သက်ထွက်သက်တစ်ခုတည်းကပင် ရက်စက်ကြမ်းကြုတ်သော သတ္တဝါများ၏ မလိုလားသောစိတ်ဝင်စားမှုကို ဆွဲဆောင်န်ိုင်သည်။ ထို့ကြောင့်ပင် ဂူချန်းဂျီက ရောင်ဝါဖုံးကွယ်နိုင်စွမ်းကို သုံးကာ အကာအရံတစ်ခုကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
[အမည် :ဆမ်ဆာရာစွမ်းရည်
ရှင်းလင်းချက် :အင်မော်တယ်အလင်းရောင်တွင် သေခြင်းရှင်ခြင်းစက်ဝန်း၏ လျှို့ဝှက်ဆန်းကြယ်မှုနောက်ကွယ်ရှိ နက်နဲသိမ်မွေ့သောအဓိပ္ပာယ် ပါဝင်သည်။ သူ့တွင် အချိန်စွမ်းရည်၏ အဆီအနှစ်နှင့် သေဆုံးခြင်းနှင့် ရှင်သန်ခြင်းဆိုသော ကျွမ်းကျင်မှုနှစ်ခုလုံး ပါဝင်သည်။]
ဂူချန်းဂျီက ၎င်း၏ ရှင်းလင်းချက်ကို ဖတ်လိုက်သည်။အချက်အလက်အရ ၎င်းမှာလည်း လုံထန်၏ သက်တန့်ရောင်အစစ်အမှန် နဂါးသွေးအဆီအနှစ် နှင့် ဟင်းလင်းပြင်စွမ်းရည်တို့လို ပင်ကိုစွမ်းရည်ဟုခေါ်သော ကောင်းကင်ဘုံမှပေးအပ်သည့်လက်ဆောင် ဖြစ်သည်။
အထူးသဖြင့် ဆမ်ဆာရာ စွမ်းရည်သည် ဟင်းလင်းပြင်စွမ်းရည်နှင့်ပင် ယှဥ်၍ရသော ထူးခြားသော စွမ်းရည်ဖြစ်သည်။ အဓိပ္ပာယ်မှာ ထိုအရာနှစ်ခု၏ နက်နဲသိမ်မွေ့မှုသည် အဆင့်တူတူပင်ဖြစ်သည်။
ဆမ်ဆာရာစွမ်းရည်က အမြင့်ဆုံးသော အချိန်တာအို၏ နိယာမများ ပါဝင်သည်။ တစ်ဖက်တွင် ဟင်းလင်းပြင်စွမ်းရည်က အမြင့်ဆုံးသော ဒြပ်မဲ့နိယာမ ပါဝင်၏။
ထိုနောက် ဂူချန်းဂျီက ဆမ်ဆာရာစွမ်းရည်နှင့် စတင်ပေါင်းစပ်လိုက်၏။
လျှ်ို့ဝှက်ဆန်းကြယ်သောဥပဒေသများရှိသည့် ပင်လယ်ပြင်တွင် ကူးခတ်နေရသကဲ့သို့ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးသောခံစားချက်တစ်ခုက ရစ်ပတ်ထားသည်။
အဆုံးသတ်တွင် ဂူချန်းဂျီက ၎င်းကို သူ့မျက်လုံးနှစ်လုံးထဲသို့ ပေါင်းစည်းရန် ရွေးချယ်လိုက်သည်။ တစ်ခုကို ဘယ်ဘက်၊ တစ်ခုကိုညာဘက်မျက်လုံးထဲသို့ ထည့်လိုက်သည်။ သေခြင်း နှင့် ရှင်ခြင်းက ရောယှက်နေသော်လည်း သီးခြားစီဖြစ်သွားကြသည်။
'ပေါင်းမယ်'
မကြာမီ ရင်းနှီးနေသော ခံစားချက်က သူ့မျက်လုံးများကို ဖြတ်ပြေးသွားသည်။သူ၏ သူငယ်အိမ်ထဲတွင် နက်နဲသ်ိမ်မွေ့ခြင်းမြူခိုးတို့ စုစည်းလာပြီး ကောင်းကင်သည် ထာဝရဝင်းလက် တောက်ပမှုနှင့် အဆုံးမရှိမှောင်မိုက်ခြင်းတို့ဖြင့် ပြည့်လာခဲ့သည်။
ကြောက်မက်ဖွယ် အချိန်စွမ်းအားကို ပိုင်ဆိုင်ထားသော အင်အားတစ်ခုနှင့်ပြန်လည်မွေးဖွားခြင်းသင်္ကေတများ ထွက်ပေါ်လာပြီး အင်မော်တယ်အလင်းရောင်က မှေးမှိန်သွားသည်။
ဤအချိန်တွင် တစ်စုံတစ်ယောက်ကသာ ဂူချန်းဂျီ၏ မျက်လုံးများထဲသို့ တည့်တည့်စိုက်ကြည့်လာပါက နှလုံးများတဒိတ်ဒိတ်ခုန်လာသည်ကို မထိန်းချုပ်နိုင်ကြဘဲ သူတို့၏ဝိဥာဥ်များပျက်စီးတော့မည်သကဲ့သို့ ခံစားလာကြရပေလိမ့်မည်။

အင်မော်တယ်အလင်းရောင်က သူ့မျက်လုံးများထဲတွင် လင်းလက်လာသောကြောင့် ဂူချန်းဂျီက မျက်တောင်ခတ်လိုက်သည်။
သူ့မျက်စိရှေ့မှ အကာအရံက ဝါးသွားပြီး အဖြူနှင့်အနက်များပြောင်းလဲသွားသော နေရာများဖြစ်လာသည်။ အချိန်စွမ်းအားက နေရာတစ်ခုလုံးကို လွှမ်းမိုးထားသည်။ ထူးဆန်းသောစွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။
၎င်းက ရှင်သန်ခြင်း၏ အရာအားလုံးကို ပိတ်ပင်နိုင်ပြီး သေခြင်းတရား၏ ပွေ့ဖက်မှုထံ ဦးတည်သွားစေနိုင်သော အစွမ်းဖြစ်သည်။
' ဒီအစွမ်းနဲ့ဆိုရင် ပုံမှန်အချိန်တွေမှာတောင် ငါအနေနဲ့ မဟာသူတော်စင်နယ်ပယ်ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ဖို့ ပိုလွယ်သွားပြီ'
ဂူချန်းဂျီက အကြီး အကျယ် ကျေနပ်စွာပြောလိုက်ပြီး သူ၏မျက်လုံးအတွင်းမှ အမြင်အာရုံများကို ပိတ်လိုက်သောအခါ အံ့သြတုန်လှုပ်ဖွယ်မြင်ကွင်းများ ပျောက်ကွယ်သွားပြီး ပုံမှန်အခြေအနေပြန်ရောက်လာသည်။
သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် ရင်မိန်ပင် ဂူချန်းဂျီ၏ ပုံမှန်မဟုတ်မှုကို သတိမပြုမိချေ။
"သူက..."
လိပ်အိုကြီး၏ စ်ိတ်ဝိဥာဥ်က လည်ဆွဲထဲတွင်ကျန်ရှိနေခဲ့ပြီး အရာအားလုံးကို မြင်တွေ့နေရသည်။ သူက ဂူချန်းဂျီပြသခဲ့သော စွမ်းအားကို မြင်တွေ့ရသည်။
အနက်ရောင်နှင့်အဖြူရောင်များကး ရှေးဟောင်းလူဝင်စားနတ်ဘုရား၏ အစွမ်းများကို ကိုယ်စားပြုသည်။
'အချိန်စွမ်းအား'
'ကြောက်စရာကောင်းလိုက်တာ'
   
ရီလင်းသည် သူ၏နောက်ဆုံးနှင့် အကြီးမားဆုံးဝှက်ဖဲနှင့်အတူ သေဆုံး ပျောက်ကွယ်ခဲ့ရပြီး သူတို့နှစ်ဦးလုံးသည် ဂူချန်းဂျီ၏ ပုရွက်ဆိတ်များသဖွယ်နင်းခြေခြင်းကို ခံခဲ့ကြရသည်။
'ဖုံးကွယ်ထားတယ် လျှို့ဝှက်ကြံစည်တယ် ဇာတ်လမ်းဆင်တယ်'
'အကျိုးအမြတ်တွေကို တွက်ပြီး အပြစ်အနာအဆာမရှိ ရအောင်ယူနိုင်တယ်။ပြီးပြည့်စုံအောင် အကောင်အထည်ဖော်ပြီး ရှေးဟောင်းလူဝင်စားမဟာဧကရာဇ်ကိုတောင်မှ အနိုင်ယူခဲ့တယ်'

'သူရဲ့ခွန်အားကလည်း ဥာဏ်မမီနိုင်တဲ့အဆင့်ကိုရောက်နေပြီ'
 
'ဒီမျိုးဆက်ရဲ့ နတ်ဆိုးလမ်းစဥ်ဆက်ခံသူက တော်တော်လေး အားကြီးတာပဲ။ သူ့ကိုဆန့်ကျင်နိုင်ဖို့ မျှော်လင့်ချက်မရှိသလောက်ပဲထင်တယ်။မဝေးတော့တဲ့အနာဂတ်မှာ ကမ္ဘာကြီးက ကြောက်စရာအကောင်းဆုံးနဲ့ ကရုဏာအကင်းမဲ့ဆုံးဖြစ်တည်မှုတစ်ခုနဲ့ ရင်ဆိုင်ရတော့မယ်'

လိပ်အိုကြီးက ဂူချန်းဂျီသည်သူ့အား အသက်ရှင်လျှက်ချန်ထားခဲ့မည်မဟုတ်ကြောင်းသိသည်။ ၎င်း၏ မျှော်လင့်ချက်မဲ့သည့်ခံစားချက်မှာ အမြင့်ဆုံးရောက်နေခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Sep 02, 2023 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now