အပိုင်း ၁၅

614 72 4
                                    

ဂူချန်ဂျီအပေါ်၌  ရီချန်၏ သဘောထားက မကြေနပ်ချက်ရှိတာထက် ပိုသည်ဟု ဆိုရမည် ဖြစ်သည်။
သူက ဂူချန်းဂျိီကို ဓားဖြင့်အပိုင်းပိုင်းခုတ်ထစ်ဖို့ရာ မစောင့်ဆိုင်းနိုင်တော့ပေ။
ထို့ကြောင့် ဆရာဖြစ်သူ၏ အမေးစကားကို ကြားလိုက်အချိန်၌ ရီချန်၏ခေါင်းထဲမှ ဆူဝေသွားခဲ့ပြီး  သတိပေးခေါင်းလောင်း ထိုးလာခဲ့သည်။

"ဆေးတစ်လုံးပေးပြီး၊ စကားအနည်းငယ်ပြောရုံနဲ့ ငါ့ရဲ့ဆရာဖြစ်သူကို ဂူချန်းဂျီ သိမ်းသွင်းသွားနိုင်ခဲ့တာပဲ။"

ရီချန် စိတ်ထဲနာကျင်စွာတွေးလိုက်၏။
သူအမှုအရာက နာကျင်စွာခံစားနေရပုံပေါ်ပြီး ပုံပျက်ပန်းပျက် ဖြစ်နေ၏။
ရီချန် ဂူချန်းဂျီကိုဘာအကြောင်းကြောင့် မုန်းတီးနေတယ်ဆိုတာကို ရန်ကျဲ မသိပေ။
သို့သော်လည်း ထိုအရာက ဆုချန်းကျီဆိုတဲ့ အမျိုးသမီးနှင့် သက်ဆိုင်နေမှန်းကိုတော့ သိရှိသည်ဖြစ်၏။
ခြုံငုံပြီးကြည့်ရင် ဂူချန်းဂျီက ရီချန်ထက်
အများကြီးသာတာပဲ ဖြစ်သည်။

"မနာလိုခြင်းက ပြသနာတွေရဲ့ရင်းမြစ်ပဲ။"
"ရီချန်က ငယ်သေးတယ်။ အခုမှ ဆယ်ကျော်သက်အရွယ်ပဲရှိသေးဖြစ်လို့ ရင့်ကျက်ဖို့အတွက် လိုသေးတယ်။ပြီးတော့ သွေးဆူလွယ်တယ်။"

ရန်ကျဲ စိတ်ထဲကျိတ်ပြီး သက်ပြင်းချလိုက်မိ၏။

"ရှောင်းချန်...။"
"မင်း သခင်လေးဂူ အပေါ် မနာလိုမဖြစ်နဲ့။"
"ငါယုံကြည်တယ်...။"
"တစ်နေ့ မင်းရဲ့အနာဂတ်အောင်မြင်မှုတွေက သူ့ထက်လျှော့မှာမဟုတ်ဘူး။"

သူမရီချန်ကို ညင်သာတဲ့လေသံဖြင့် ဖြောင်းဖြပြောဆိုလိုက်၏။
သူမအနေဖြင့် ရီချန်နှင့် ဂူချန်ဂျီတို့ကြား အထင်လွဲမှားမှုကို ဝင်ရောက်ညှိနိုင်းပေးလိုစိတ် ရှိပုံပေါ်သည်။
အဘယ့်ကြောင့်ဆိုသော် သူမစိတ်ထဲတွင် တွေးနေခဲ့သည်က အယ်လို့များ ဂူချန်းဂျီကသာ ရီချန်ကိုသတ်ချင်စိတ်ရှိခဲ့လျှင် ယခုအချိန်ထိစောင့်နေလိမ့်မည်မဟုတ်ဟု ထင်နေခြင်းကြောင့်ပင်။

ဒါပေါ့..။ရီချန်က ကံကြမ္မာ၏ မျက်နှာပေးခြင်းခံထားရသော သူတစ်ယောက်ဖြစ်မှန်း မသိလို့ပဲဖြစ်သည်။
ကံကြမ္မာက လျှို့ဝှက်စွာပဲ ရီချန်ကိုစောင့်ရှောက်နေ၏။
ထိုအတွက်ကြောင့်သာမဟုတ်ရင်  ဂူချန်းဂျီတစ်ယောက် အပင်ပန်းခံပြီး   ဟန်လုပ်သရုပ်ဆောင်နေမည် မဟုတ်ပေ။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now