၁၉၆ - ၁၉၈

349 32 1
                                    

အပိုင်း ၁၉၆

ရီလင်းနှင့်ရင်မေ့တို့နှစ်ဦး လမ်းရှည်ကြီးကို လျှောက်လာခဲ့ကြ၏။ရုတ်တရပ် မြင်ကွင်းက ပြောင်းလဲသွားသည်။အကြောင်းမှာ မြေအောက်ကမ္ဘာနှင့် တိုက်ရိုက်ဆက်သွယ်ထားသည်ဟု ထင်ရသော မြေအောက်ဂူကြီးတစ်လုံးက သူတို့ရှေ့တွင် ရှိနေခြင်းပင်။

သူတို့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်တွင် ရှုပ်ထွေးသော မှော်သင်္ကေများစွာကို လွင့်မျောနေသည်။သိသာစွာဖြင့် ဤနေရာ၌ အားကောင်းသော အစီအရင်တစ်ခု ရှိနေလေသည်။အကယ်၍သာ တစ်စုံတစ်ယောက်က ပြန်လည်မွေးဖွားခြင်းစွမ်းရည်ကိုသာ မပိုင်ဆိုင်ထားခဲ့လျှင် အဓိပတ္တိအဆင့် ကျင့်ကြံသူဖြစ်လင့်ကစား အစီအရင်၏ ပြင်းပြင်းထန်ထန် နှောင့်ယှက်တားဆီးမှုကို ခံရမည်က မလွဲပင်..။

"ရီလင်း သေချာလေးအာရုံစိုက်။ဒါက ရှေးဟောင်းလူဝင်စားမဟာဧကရာဇ်ရဲ့ နောက်ဆုံးစမ်းသပ်ချက်ပဲ။ဟင်းလင်းပြင်ထဲက အစီအရီကို သတိထား"

ထိုစဥ် လည်ဆွဲထဲမှ လိပ်အိုကြီး၏ သတိပေးသံ ထွက်ပေါ်လာ၏။ရီလင်းလည်း သတိလက်လွတ်မဖြစ်ရဲချေ။ရင်တထိတ်ထိတ် ဖြစ်နေလေ၏။

ချော်ရည်ပူများက သူ့ခြေထောက်အောက်ခြေတွင် ရစ်ပတ်နေကြ၏။သိပ်မကြာလိုက်ပဲ သူ့ရှေ့တည့်တည့်တွင် အလင်းရောင်တစ်ခုကို ရီလင်း မြင်လိုက်ရ၏။အလင်းရောင်အောက်တွင် သစ်သားပြားတစ်ချောင်းသာပါသော တံတားတစ်စင်းက ချော်ရည်များကို ဖြတ်ကာ အခြားတစ်ဖက်နှင့် ဆက်သွယ်ထားသည်။

"ဒီနေရာမှာ ချော်ရည်တွေရှိနေတာ မီးမှုတ်နိုင်စွမ်းရှိတဲ့သားရဲကြီးတွေကြောင့်ပဲ သတိထား"
လိပ်အိုကြီးက ထပ်ပြီးသတိပေးလိုက်သည်။ရီလင်း ခေါင်းငြိမ့်လိုက်၏။ရုတ်တရပ် ရဲရဲနီနေသော ချော်ရည်လှိုင်းတစ်ခုက အောက်ခြေမှ အဆက်မပြတ် စိမ့်ထွက်လာခဲ့ကာ သူ့ထံ ရောက်ရှိလာခဲ့သည်။ကံကောင်းစွာဖြင့် ၎င်းကို သူ့ခန္ဓာကိုယ်ထဲတွင် ဖုံးကွယ်ထားသော ပြန်လည်မွေးဖွားခြင်းစွမ်းရည်က တားဆီးလိုက်၏။သူ့အား နည်းနည်းလေးမျှ ထိခိုက်စေခဲ့ခြင်း မရှိပေ။

ထို​ချော်ရည်များ၏ ပြင်းပြသော အပူရှိန်နှင့် ဖျက်ဆီးနိုင်စွမ်းက တော်ရုံအဆင့်မြင့်ကျင့်ကြံမှုများအား မျက်စိတစ်မှိတ်အတွင်း လောင်ကျွမ်းပြာကျသွားစေဖို့ လုံလောက်ပေသည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now