အပိုင်း ၁၁

640 82 1
                                    

အမှန်တော့ ထိုအကြောင်းအရာတွေကို ဆုချန်းကျီသေချာစဥ်းစားပြီးမှ ပြောခြင်းဖြစ်သည်။
သူမက အလွန်ဥာဏ်ကောင်းသောမိန်းကလေးတစ်ဦး ဖြစ်သည်။
ထို့အပြင် တဖက်မှာလည်း သူမ၏အမွှာဝိဥာဏ်က ထိုအကြံဥာဏ်ကို လက်ခံခြင်း ရှိသည်။

ဂူချန်းဂျီ ၏ သြဇာအရှိန်အဝါက အလွန်ကြီးမားလေးလံလွန်းသည်။
တစ်ခါတစ်ရံ သူ၏ အပြုအမှုတွေကမှန်းဆရန် ခက်ခဲနက်နဲလို့နေပြီး
တစ်ခါတစ်ရံမှာတော့ သူကလူတွေက စနောက်သလိုလိုဖြင့် ပြောဆိုပြုမူတတ်၏။
ရီချန်လို စက္ကူဖြူကဲ့သို့ ရိုးရှင်းသူမဟုတ်ပေ။
ထို့ကြောင့် ဆုချန်းကျီစိတ်ထဲ၌  သက်သာရာမရသလို ခံစားနေရခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် သူမလုပ်နိုင်တာတစ်ခုက သူ၏ရိုးသားမှုကို ပြသရန်မှတပါး အခြားမရှိပေ။

သန့်စင်သောကောင်းကင်ယင်ခန္ဓာ။

ထိုခန္ဓာဖွဲ့စည်းပုံမျိုးက ယင်ယန်ကျင့်ကြံရာတွင် အကောင်းဆုံးခန္ဓာဖွဲ့စည်းပုံဖြစ်
သည်။
ထိုသတင်းသာ အပြင်ဘက်ကို ပေါက်ကြားခဲ့ပါက သူမ မကောင်းဆိုးဝါးအိုကြီးတွေ၏ ပစ်မှတ်တစ်ခု ဖြစ်လာလိမ့်မည်။

ထိုကဲ့သို့ လျှို့ဝှက်ချက်မျိုးကို​ ဖွင့်ဟပြောဆိုပုံက သူမ ဂူချန်းဂျီအပေါ်ယုံမှားသံသယမရှိသည်ကို ဖော်ပြနေ၏။
ဤသည်ကို ဂူချန်းဂျီနားလည်မယ်ဆိုတာကိုလည်း ဆုချန်းကျီသိထားသည်။

လက်ရှိအချိန်မှာတော့ သူမဂူချန်းဂျီ၏ တုန့်ပြန်မှုကို စောင့်ဆိုင်းရန်သာရှိတော့၏။

"သန့်စင်သောကောင်းကင်ယင်ခန္ဓာကိုယ်လို ယင်ယန်ကျင့်ကြံဖို့ အကောင်းဆုံးလူသားမီးပြင်းဖိုခန္ဓာဖွဲ့စည်းပုံမျိုးရှိနေတာပဲ။"
"မင်းကဒီအကြောင်းကို ငါ့ကိုပြောပြရဲတယ်ပေါ့။"
ဂူချန်းဂျီက အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။
သူ့အသံမှာတိုးပြီး ညင်သာမှုရှိကာ လူတွေသူ့စိတ်ထဲဘာရှိသလဲဆိုတာ မခန့်မှန်းနိုင်ပေ။
ဆုချန်းကျ်ီခေါင်းကိုငုံ့ကာ နူးညံ့ပျော့ပျောင်း​သော လေသံဖြင့် ပြန်ဖြေလိုက်၏။

"ချန်းကျီ သခင်လေးဂူရဲ့ အကျင့်သိက္ခာကိုယုံကြည်ပါတယ်။"

တကယ်တော့ထိုစကားမှာမျက်နှာလိုမျက်နှာရ ပြောခြင်းပဲဖြစ်သည်။ဘယ်လိုလုပ်ပြီး ဂူချန်းဂျီဆီမှာ အကျင့်သိက္ခာရှိနေမှာလဲ..?။
သူအပြုအမှုတွေက နက်နဲပြီး မှန်းဆရန်ခက်ကာ လူဆိုးတစ်ယောက်နဲ့သာပိုပြီးတူ၏။
ထို့ပြင် သူ၏စိတ်ကို သူမမှန်းဆနိုင်ခြင်းမရှိပေ။
ဆုချန်းကျီစိတ်ထဲကျိတ်ပြီး တွေးနေ၏။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now