အပိုင်း ၃၀

522 58 0
                                    


များမကြာမီမှာပဲ လင်းမိသားစု၏ ဒဏ္ဍာရီလာ ဘိုးဘေးအထက်ဘုံမှ ပြန်လာသည့်သတင်းမှာ ကျောင်းဇူနယ်မြေတခွင် ပျံနှံ့သွားခဲ့သည်။

လင်းမိသားစုမှ ထိုသတင်းကို အနယ်နယ်အရပ်သို့ ရည်ရွယ်ချက်ရှိရှိထုပ်လွှင့်နေခဲ့လို့ပဲ ဖြစ်သည်။

ထိုအတွက်ကြောင့် ကျောင်းဇူနယ်မြေအလယ်ပိုင်းတခွင်မှာ ပွက်လောရိုက်သွားခဲ့ရ၏။

မရေတွက်နိုင်သည့် ကျင့်ကြံသူများမှာ တုန်လှုပ်သွားကုန်သည်။

လင်းမိသားစု၏ဘိုးဘေးမှာ မည်သို့သောတည်ရှိမျိုးဖြစ်သနည်း..?

အနှစ်သုံးသောင်းအကြာက အထက်ဘုံကိုတက်လှမ်းခဲ့သည့် နတ်ဘုရားအဆင့်ကျင်ကြံသူ တစ်ဦးပဲ ဖြစ်ပေသည်။

ထိုကဲ့သို့ ဒဏ္ဍာရီလာပုဂ္ဂိုလ် ပြန်လာသည်မှာ ဘာပြောချင်တာလဲ.?

ဘယ်လောက်ထိ စွမ်းအားကြီးနေမယ်ဆိုတာကို မှန်းဆလို့ပင် ရမည်မဟုတ်ပေ။

ထိုသတင်းကို ကြားကြားခြင်း ကျင့်ကြံသူများမှာ နေရာမှာကြာကြာ ထိုင်မနေနိုင်တော့ပေ။

အထူးသဖြင့် ထိပ်သီးအင်အားစုများမှာ သူလျိုများစေလွတ်ပြီး သတင်းမှန်ကို စုံစမ်းလာကြသည်။

ယခင် ကောင်းကင်သားတော်တွေ၊လူငယ်မျိုးဆက်တွေ၏ တာအိုနှီးနှောပွဲသတင်းမှာ ဤသတင်း၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။

ကျင့်ကြံသူတိုင်း၏ အာရုံစိုက်မှုကို ခံနေရသည်ဟု ပြောနိုင်သည်။

လင်းမိသားစု၏ နောက်ဆက်တွဲ လှုပ်ရှားမှုတွေက ထိုသတင်းအမှန်ဆိုတာကို ကောက်ချက်ချနိုင်သည်ပဲ ဖြစ်သည်။

အနယ်နယ်အရပ်ရပ်ကို ရောက်နေကြသည့် လင်းမိသားစုဝင်များမှာ မိသားစုအိမ်သို့ အလျင်စလို ပြန်နေကြသည်။

ကြည့်ရသည်မှာ ဘိုးဘေးကိုကြိုဆိုရန်အတွက် စုဝေးနေကြသည်ပဲ ဖြစ်သည်။

အချို့သော ဦးနှောက်လျင်သူတွေမှာ ထိုအချင်းအရာကိုကြည့်ပြီး အရှေ့ဘက်ကုန်းမြေဒေသမှ သတင်းနှင့်တွဲပြီး မှန်ကန်နိုင်သည်ဟု ယူဆနေကြသည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now