အခန်း ၁၀၁ မှ ၁၀၅

528 50 5
                                    


အပိုင်း (၁၀၁)

ဂူချန်းဂျီသည် စနစ်ကဖော်ပြထားသော သူ၏အချက်အလက်များကိုကြည့်ရင်း အတွေးလွန်နေ၏။

ပိုင်ရှင် : ဂူချန်းကျီ

ကိုယ်ရောင်ဝါ:ကောင်းကင်ဘုံဗီလိန်တစ်ဦး၏လမ်းစဥ်

နောက်ခံ :တာအိုနတ်ဘုရားနန်းတော်၏ အစစ်အမှန်တပည့်၊အင်မော်တယ် ဂူမျိုးနွယ်စု၏ ဆက်ခံသူ

မျိုးဆက်သွေးခန္ဓာ:နတ်ဆိုးနှလုံးသား၊တာအိုအရိုး

ကျင့်ကြံခြင်းအဆင့်: အလယ်အလတ်အင်ပါယာအဆင့်

မွေးရာပါစွမ်းအားနှင့်ကျင့်စဥ်: တာအိုနတ်ဘုရားကျင့်စဥ်(အဆင့်ရှစ်)၊
နတ်ဆိုးတစ်သောင်းခန္ဓာ(ပင်ကိုယ်စွမ်းရည်)၊ကောင်းကင်ဘုံ နတ်ဝိဥာဏ်(ပင်ကိုယ်စွမ်းရည်)၊အင်မော်တယ်ဝါးမြိုခြင်း နတ်ဆိုးကျင့်စဥ်၊အသေင်္ချစိတ်ဝိဥာဏ်ဝင်္ကပါကျင့်စဥ်

ကံကြမ္မာအမှတ်: တစ်သောင်း

ကံကောင်းမှုအမှတ် :နှစ်ထောင်(အနက်ရောင်)

စျေးဆိုင်: ဖွင့်ပြီး

သိုလှောင်ခန်း:တည်နေရာလွှဲပြောင်းခြင်းတံဆိပ်တော် တစ်ခု၊ ကမ္ဘာသစ်ပင်စေ့အပိုင်းအစ သုံးခု(ပေါင်းစည်းရန်အသင့်)၊ကံတရားရိပ်သိမ်းခြင်းကတ်ပြား သုံးခု

..................................................

လွန်ခဲ့သည့်အချိန်များ၌ သူ၏ ကံကြမ္မာအမှတ်တွေက တစ်သောင်းအထိတိုးလာခဲ့ပြီး ကံကောင်းမှုအမှတ်ပမာဏကလည်း နှစ်ထောင်ပြန်ဖြစ်သွားသည်။

​ယခု သူ့တွင် အတော်အတန်ကြွယ်ဝနေပြီဖြစ်ကာ ၎င်းတို့ကို ကျင့်ကြံမှုအဆင့်ကိုမြင့်ရန်သုံးနိုင်သည်ဖြစ်သော်လည်း ဂူချန်းဂျီက အလျင်စလိုလုပ်ဆောင်ခြင်းတော့ မရှိပေ။

စနစ်၏စျေးဆိုင်အတွင်း ကောင်းနိုးရာရာများကိုသာ ကြည့်နေလိုက်ရာ ခနအကြာ၌ ဂူချန်းဂျီက သူလိုချင်နေသည့်အရာကို ရှာတွေ့လိုက်၏။

"နတ်ဘုရားအဆင့် ရောင်ဝါဖုံးကွယ်ခြင်းတံဆိပ်တော်....။

၎င်းကိုလဲလှယ်ရန် ကံကြမ္မာအမှတ် ရှစ်ထောင် ကုန်ကျမည်ဖြစ်သည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now