အပိုင်း ၉

669 75 2
                                    

တိတ်ဆိတ်ပြီး အေးစက်မှုများ ကြီးစိုးသည့်မြေအောက်ခန်းထဲတွင်။

ရီချန်နှင့် သူ၏ဆန်းကြယ်သော ဆရာဖြစ်သူတို့က ထိုနေရာမှ မည်သို့မည်ပုံ ထွက်ခွါရမည်ကိုတိုင်ပင်နေကြသည့်ပုံရ၏။

"ဒီကိစ္စကို အချိန်ယူပြီး လုပ်ဆောင်သင့်တယ်။"
"ဂူချန်းဂျီရဲ့နောက်ခံက ကြောက်ဖို့ကောင်းပြီး ခန့်မှန်းဖို့ခက်တယ်။"
"ပြီးတော့သူအနားမှာ စွမ်းအားမြင့်တဲ့  ကျင့်ကြံသူတစ်ဦးရှိနေကြောင့် လက်ရှိအခြေအနေအရ ဂူချန်းဂျီနဲ့ ထိပ်တိုက်မရင်ဆိုင်တာ အကောင်းဆုံးပဲ။"

ရီချန်၏ ဆရာမဖြစ်သူက ပြောလိုက်၏။
သူမနာမည်မှာ ရန်ကျဲ ဖြစ်ပြီး ပုရိသအပေါင်းကိုမူးမေ့​​စေလောက်သော ကောက်ကြောင်းအလှနှင့် ကြက်သွေးရောင်မျက်လုံးအစုံတို့ရှိသူဖြစ်သည်။

ယခုအချိန်တွင်မူ လှပသော သူမမျက်နှာပေါ်၌ စိုးရိမ်ပူပန်မှုနှင့် ပြည့်နှက်နေပုံရ၏။

လက်ရှိ သူမက ဝိဥာဏ်အကျွင်းအကျန်တစ်ခုသာဖြစ်သော်လည်း အတိတ်ကာလက သူမ၏ကြီးမြတ်မှုကို မြင်တွေနိုင်သေး၏။

"ကျန်တော်သိပါပြီဆရာမ။"
"တောင်းပန်ပါတယ်။"

စိတ်တည်ငြိမ်မှုအနည်းငယ်ရလာသည်နှင့်ရီချန် သူပြောဆိုခဲ့တာတွေကို နောင်တရလာသည်။

ထို့ကြောင့် ဆရာဖြစ်သူကို တောင်းပန်စကားပြောလိုက်၏။
ငါရဲ့လှပတဲ့ဆရာမကို စိတ်မဆိုးသင့်ဘူး။
ရီချန်စိတ်ထဲတွေးမိလိုက်သည်။

ကံကောင်းတာက သူ့ဆရာမ သူ့ကို စိတ်ဆိုးပုံမရပဲ သူ့အတွက် စိုးရိမ်နေခဲ့တာပဲ ဖြစ်သည်။
ထိုအရာက ရီချန်၏နှလုံးသားကို နွေးထွေးစေ၏။

သို့သော် ရီချန်က ဆရာဖြစ်သူပြောသလိုလုပ်ဖို့ကိုတော့ စိတ်ထဲမှ နေ၍ လက်ခံခြင်းမရှိပေ။ သူ့တွင် အစီအစဥ်တစ်ခု ရှိနေ၏။

"ကျန်တော်သိပါပြီဆရာမ။"
"ဒီနေ့ကစပြီး ဂူချန်းဂျီကိုသတ်ဖို့ အခွင့်ရေးမရသေးသ၍ နိမ့်ချနေပြီး ပိုသန်မာလာတဲ့အထိကို စောင့်ပါ့မယ်။"

ရီချန်အံကြိတ်ပြီး ကျိန်ဆိုပြောလိုက်သည်။
တကယ်တမ်းရီချန်၏စိတ်ထဲမှာတော့ သူပြောသလိုမဟုတ်ပေ။
အဆုံးထိ သူက လက်လျှော့မည့်သူမဟုတ်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now