အပိုင်း ၅၀

445 52 0
                                    


အခန်းအတွင်း၌ သတ်ဖြတ်ခြင်းအရှိန်အဝါတွေက လွှင့်ပျံလို့နေ၏။

ဤသည်မှာ ကျောက်စိမ်းပမာ ဖြူဖွေးကြည်လင်သောအသားရည်ရှိသည့် ခရမ်းရောင်ဝတ်ရုံဝတ်မိန်းကလေးတစ်ဦးထံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ရှုမငြီးနိုင်သည့် မျက်နှာ၊ပန်းပုရုပ်ပမာအချိုးစားကျသည်ခန္ဓာနှင့် ရှည်လျား​သွယ်စင်းသည့် ခြေတံရှည်များက သူမအလှကို ခမ်းနားကြီးကျယ်စေခဲ့သည်။

သူမပုံကြည့်ရတာတော့ အသက်ရွယ်ကြီးမြင့်သေးပုံမရပေ။ ခန့်မှန်းချေ ဆယ့်ခုနှစ်နှစ် ဆယ့်ရှစ်နှစ်ဝန်းကျင်သာ ရှိသည့်ပုံ ပေါ်သည်။

မျက်လုံးတွေက သာမန်လူသားတွေနှင့်မတူပဲ ကွဲပြားလို့နေသည်။

၎င်းတို့မှာ တောက်ပသည့်ရောင်စုံပုတီးများက လှည်ပတ်နေသကဲ့သို့ ဖြစ်သည်။

သူမအသွင်က ဤအခန်းအတွင်းမှာရောက်နေသည့် ရှေးဟောင်းနတ်ဘုရားတောင်တန်းဒေသလူငယ်မျိုးဆက်များ၏ ခေါင်းဆောင်ဖြစ်ပုံရသည်။

ရှေးဟောင်းနတ်ဘုရားတောင်တန်းဒေသအတွင်းရှိ သူမ၏နောက်ခံမှာလည်း ပေါ့သေးသေးတော့ ဖြစ်လိမ့်မည်မဟုတ်ချေ။

အခန်းအတွင်းရှိလူတိုင်းက လေးစားမှုအပြည့်ဖြင့် ကြည့်နေကြရ၏။

သူမစကားကို ကျောပြင်တွင်အတောင်ပံပါသည့်တစ်ဦးမှ လက်သီးလက်မောင်းတန်းကာ ပြောလိုက်ခဲ့သည်။

"မိန်းကလေးလျူလွီ စိတ်ချလိုက်ပါ...။"
"အဲဒီ အထက်ဘုံကလာတဲ့ငနဲက နောက်ခံအင်အားအချို့ရှိတော့ ရှိတာမှန်လိမ့်မယ်...။"
"ဒါပေမယ့် ငါတို့လို ရှေးဟောင်းတောင်တန်းနယ်မြေကလူတွေကတော့ မှုမှာမဟုတ်ဘူး...။"

"မိန်းကလေးလျူလီကို ရန်စမိလိုက်တာက သူဘဝမှာလုပ်ဖူးတဲ့သမျှတွေထဲက  အကြီးဆုံးမှားယွင်းမှုကြီးပဲ...။
သူ့အနေနဲ့ အိမ်ပြန်ဖို့တောင်မှ မေ့ထားဖို့သင့်ပြီ..။"

"ဟားဟား..။ဒီစကားအမှန်ပဲ...။"

"ငါတို့ရဲ့ရှေးဟောင်းနတ်ဘုရားတောင်တန်းကလူတွေက  အပြင်လောကကိုထွက်မလာခဲ့တာ ကြာပြီဖြစ်လို့  တစ်ချို့လူတွေမေ့နေကြပုံရတယ်...။"

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now