အပိုင်း ၁၂၁ မှ ၁၂၅ ထိ

540 40 0
                                    

ဗီလိန်တစ်ဦး၏ကံကြမ္မာ

အပိုင်း(၁၂၁)

ဘာသာပြန်. လင်းသန့်

ဂူရှင်းအာတစ်ယောက် ဒေါသတစ်​ချောင်းချောင်း ထွက်နေရသည်။

အစောပိုင်းက ဂူချန်းဂျီဖွဲ့စည်းခဲ့သည့် လက်ဝါးပုံသဏ္ဍာန်စွမ်းအင်များက သူမကို  ဖိနှိပ်ထားနေဆဲ ဖြစ်သည်။

ထို့အတွက်ကြောင့် သူမ၏ လက်များပင် မလှုပ်ရှားနိုင်တော့ပေ။

ထို့အပြင် ဂူချန်းဂျီ၏ လက်က သူမ၏နှာခေါင်းကိုထိပ်ကလေးကို  မညာမတာလိမ်ဆွဲခဲ့သောကြောင့် ဂူရှင်းအာကို အရှက်ကြီးရှက်စေ၏ ။

၎င်းက သူမကို ရူးသွပ်လုနီးပါးဖြစ်သွားရစေကာ စိတ်ပျက်လက်ပျက်ဖြစ်မှုကြောင့် အသိစိတ်လွှတ်မတတ် ဖြစ်နေရ၏။

"ဂူချန်းဂျီ...နင်မလွန်လာနဲ့..ငါနင့်ကိုသတ်ပြစ်မယ်..."

ဂူရှင်းအာက အမြီးနင်းခံထားရသောကြောင်တစ်ကောင်ကဲ့သို့ အံကြိတ်ကာ ဂူချန်းဂျီကို မာန်ဖီပြလိုက်သည်။

"ဟမ်..မင်းက စိတ်မလျှော့သေးဘူးပေါ့.."

"ငါ မင်းကိုလက်စားချေဖို့အခွင့်အရေးပေးခဲ့တယ်လေ မဟုတ်လား.."

"ဒါပေမယ့် မင်းကမှ ဒါကိုအလေးအနက်မထားခဲ့တာ..."

"ရှင်းအာ..ရှင်းအာ မင်းရဲ့စကားနဲ့ လုပ်ရပ်တွေက ငါ့ကို တကယ်ပဲ စိတ်ပျက်စေရတယ်..."

ဂူချန်းဂျီက တည်ငြိမ်ပြီး ဂရုမစိုက်သော အမူအရာကို ပြသခဲ့သည်။

ထိုအခိုက်...။

ဂူရှင်းအာ၏အမြင်တွင် သူ၏အသွင်က နှောင်ဖွဲ့ကင်းကာ ခံစားချက်မရှိသည့် ကောင်းကင်ဘုံကိုးဆင့်မှ အင်မော်တယ်တစ်ပါးလို ဖြစ်ပေသည်။...။

မည်သို့ပင်ဖြစ်စေ..။

ဂူချန်းဂျီ၏ စကားကြောင့် ဂူရှင်းအာ၏ ခေါင်းတွေက ဆူဝေသွားခဲ့ကာ ရုတ်တရပ်ဆိုသလို့ ဆွံ့အသွားရ၏။

"ငါ့က သူကို စိတ်ပျက်သွားစေတယ်ဟုတ်လား..."

"ဘာကြောင့်လဲ..."

ထိုအချိန်တွင် ဂူရှင်းအာ၏ နှလုံးသားထဲ၌ မေးခွန်းများစွာ ဖြစ်လာခဲ့သည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now