အပိုင်း ၇၀

468 56 0
                                    


ခမ်းနားထည်ဝါလှသည့် နန်းဆောင်ကြီးတစ်ခုသည် ရှေးကျသည့် အရှိန်အဝါတွေဖြင့် လွှမ်းထုံလျှက်ရှိကာ ကမ္ဘာငယ်တစ်ခုအလားပင် ကြီးမားကျယ်ပြန့်လို့နေ၏။

စကြာဝဠာတစ်ခွင်နှင့် ကောင်းကင်နှင့်မြေကြီးကိုပင် ထိုနန်းတော်ထံမှ အလုံးစုံသိမြင်နိုင်ခြင်းရှိလေသည်။

နန်းတော်ကြီး၏ အတွင်းတစ်နေရာမှာတော့ တည်ကြည်ခန့်ငြားလှသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ပုလ္လင်ပေါ်၌ ထိုင်နေခဲ့သည်။

သေချာကြည့်မည်ဆိုပါက ထိုသူ၏ ရုပ်ရည်သည် ဂူချန်းဂျီနှင့် ခပ်ဆင်ဆင်တူလှသည်ကိုတွေ့နိုင်မည် ဖြစ်သည်။

ပုလ္လင်ပေါ်၌ ကြာပန်းသဖွယ်ထိုင်နေခဲ့ကာ ပျက်စီးခြင်းနှင့် ရှင်သန်ခြင်းစွမ်းအင်များက ထိုသူထံမှ ထွက်ပေါ်နေခဲ့သည်။
အနီးပတ်ဝန်းကျင်ထံ၌ စစ်မက်နှင့် ငြိမ်းချမ်းရေးကြွေးကျော်သံများ၊ ယဇ်ပူဇော်နေကြသည့် အသံများကလည်း တီးတိုးထွက်ပေါ်နေကြ၏။

ထိုသူ၏ ဝင်သက်ထွက်သက်မှာ ကောင်းကင်နှင့်မြေကြီးကိုပင် လွှမ်းခြုံနေခဲ့ကာ ကမ္ဘာဦးကတည်းက တည်ရှိနေခဲ့သည့်အတိုင်း ဖြစ်သည်။

ထပ်ပြောစရာမလိုလောက်အောင်ပင် အတိုင်းမသိစွမ်းအားကြီးသောသူ ဖြစ်သည်။

ဂူချန်းဂျီ နန်းဆောင်အတွင်းသို့ ဝင်လာသည်နှင့် ထိုသူ၏ ပိတ်နေသောမျက်လုံးအစုံက ဖွင့်လာခဲ့ကာ နူးညံ့သည့် အရိပ်အယောင်တို့ ထင်ဟပ်လာခဲ့သည်။

ဒါပေါ့..။

ထို့ကဲ့သို့ အမူအယာမျိုးမှာ ဂူချန်းဂျီရှေ့၌သာ ပြလေ့ရှိပြီး အခြားသူများရှေ့တွင်မှု လူများကို အပေါ်စီးမှ ကြည့်နေတတ်သည့် အေးစက်ပြီး ဟန်မှုယာကင်းသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်သည်။

ပြောစရာရှိရင်ပင် နတ်ဘုရားစိတ်အာရုံဖြင့်သာ အသိပေးလေ့ရှိပြီး စကားပြောခဲလှသည် ဖြစ်၏။

ထိုသူမှာ အခြားသူတော့မဟုတ်ပေ။

ဂူချန်းဂျီ၏ ဖခင်ဖြစ်သူ ဂူလင်းထန်ဖြစ်ပြီး လက်ရှိဂူမျိုးနွယ်စုခေါင်းဆောင်လဲ ဖြစ်သည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now