အပိုင်း ၂၄

546 66 0
                                    


သိပ်မကြာလိုက်ပေ....။

ခန်းမအတွင်းရှိ လူများတွေအားလုံး ထိတ်လန့်တုန်လှုပ် သွားကြ၏။

သက်ကြီးပိုင်းမျိုးဆက်လူအိုတွေ တင်မကပဲ လူငယ်လူရွယ်များလည်း  သူတို့အထက်တွင် လျှပ်တစ်ပြက်ဆိုသလို ပေါ်ပေါက်လာသူကိုကြည့်ပြီး မျက်တောင်မခတ်နိုင်ကြပေ။

မည့်သည့်အရိပ်အယောင်မှ မပြပဲ ရုတ်ချည်းပေါ်လာခဲ့ခြင်းပဲ ဖြစ်သည်။

ထိုတင်မက ထိုသူ၏တည်ရှိမှုက ကမ္ဘာပေါ်၌ ဘယ်တုန်းကမှ မရှိခဲ့သလိုပင် ခံစားရစေသည်။

ထိုသူမှာ မည်သည့်အဆင်တန်ဆာမှ ချိတ်ဆွဲထားခြင်းမရှိသည့် အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူရွယ်တစ်ဦး ဖြစ်သည်။

သို့ပေမယ့်လည်း လူရွယ်၏ မြင့်မြတ်မှု၊မျိုးရိုးကြီးမားမှုအရိပ်အယောင်တွေက ဖုံးဖိထားလို့မရပေ။

သူ့နောက်မှာတော့ ရိုကျိုးစွာရှိနေခဲ့သည့် ထန်းရွှမ်တော်ဝင်အရှင့်နှင့် မျက်နှာတစ်ဝက်ကို ဇာပဝါဖြင့် ဖုံးထားသည့် မိန်းမငယ်လေးတစ်ဦး ရှိနေခဲ့တာပဲ ဖြစ်သည်။

သူမ၏ ဆောင်းဦးရေပမာ ကြည်လင်နေသည့် မျက်လုံးအစုံနှင့် လေးကိုင်းသဖွယ် မျက်ခုံးတွေက ရုပ်တရက်ဆိုသလို  ခန်းမအတွင်းရှိ လုလင်ပျိုများ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

"ထန်ရွှမ်တော်ဝင်အရှင်....။"

" ထန်းရွှမ်တော်ဝင်သမီးတော်....။"

"သံသဖြစ်စရာမရှိပဲ အရှေ့ဘက်ကုန်းမြေဒေသရဲ့ နံပတ်တစ် အလှပိုင်ရှင်ပဲ...။"

"အရှင်ငယ်ကို ဂါရဝပြုပါတယ်...။"

ထိုအခိုက်မှာတော့  ခန်းမအတွင်း၌ လူတိုင်း၏ ရိုသေလေးစားသောစကားသံတွေက ဖုံးလွှမ်းသွားခဲ့သည်။

ကျောင်းထန်၊ချူဝူကျီနှင့်ရှောင်ဟိုတို့လို ဂိုဏ်းခေါင်းဆောင်များမှာ ယခင်ကထက်ပင် အံ့အားသင့်သွားတာပဲ ဖြစ်သည်။

အကြောင်းမှာ အရှင်ငယ်ဆိုသူ၏ အရှိန်အဝါတွေအောက်မှာ ဖိအားတစ်ရပ် ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

ဗီလိန်တစ်ဦး၏ကံကြမ္မာ ဂူချန်းဂျီ   အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now