RT(Y)-2 (U&Z)

2K 154 12
                                    

(Unicode)

*ဟူး...မောလိုက်တာ...

မြင့်မားလှတဲ့ ကုမ္ပဏီ အဆောက်အအုံကို မော့ကြည့်ပြီး လေပူတချက်ကို ရှောင်းကျန့် မှုတ်ထုတ်လိုက်သည်။

*တော်ပါသေးရဲ့...ဒီတခါတော့ နောက်မကျသေးဘူး ထင်ပါတယ်...

ချွေးတွေကြောင့် လျောကျလာတဲ့ မျက်မှန်ကို ပင့်တင်လိုက်ရင်း ရှောင်းကျန့်က ရေရွတ်လိုက်သည်။ ထို့နောက် Reception ကို အလောတကြီး သွားကာ စုံစမ်းလိုက်သည်။

*၇ လွှာကို တက်သွားပါရှင့်...အင်တာဗျူးမှာက အဲ့ဒီမှာပါ...

*​ေဩာ် ဟုတ်ကဲ့...ကျေးဇူးပါ...

ဧည့်ကြို ကောင်မလေးကို ကျေးဇူးတင်စကား ပြောပြီး ရှောင်းကျန့်က ဓာတ်လှေကားဆီ အပြေးအလွှား သွားကာ ၇ လွှာဆီ တက်လာခဲ့သည်။

တင်...

ဓာတ်လှေကား ပွင့်လျင်ပွင့်ခြင်း ၇ လွှာက reception ရှေ့မှာ လူ ၅ ယောက်လောက် ထိုင်နေတာကို ရှောင်းကျန့် တွေ့လိုက်ရသည်။

*နာမည် ပြောပါရှင့်...

*ရှောင်းကျန့်ပါ...အတွင်းရေးမှူး ရာထူးအတွက် လျှောက်ထားတာပါ...

လက်ထဲမှ CV form ကို ကမ်းပေးရင်း ရှောင်းကျန့်က ပြောလိုက်သည်။

*အသက်က ၃၀ နော်...အင်း...ဒီ position အတွက် ခေါ်တာက ၂၅ နောက်ဆုံးပဲရှင့်...

စီစဥ်ပေးသူ ဝန်ထမ်းရဲ့ အပြောကြောင့် ရှောင်းကျန့် စိတ်ညစ်သွားသည်။ သူက ကိုယ်ရေး အချက်အလက်ကို မကြည့်မိဘဲ လိုအပ်တဲ့ အရည်အချင်းကိုသာ ဖတ်ပြီး လျှောက်လိုက်မိတာကိုး။

*ရောက်ပြီးမှတော့ ဖြေကြည့်လို့ မရဘူးလား ဟင်...

ရှောင်းကျန့်က အကူအညီ တောင်းသလို မေးလိုက်သည်။ ဝန်ထမ်းက စဥ်းစားရ ခက်သလို ခေါင်းကုတ်လေသည်။

*မပြောတတ်ဘူး...အဲ့ဒါက CEO သဘောလေ...သူ ခေါ်ရင်တော့ ရမှာပေါ့...

ရှောင်းကျန့် စိတ်မောစွာနဲ့ ခုံတန်းမှာ ထိုင်ချမိသည်။ အခန်းထဲကို ကြည့်လိုက်တော့လည်း အားလုံးက ငယ်ရွယ် တက်ကြွတဲ့ အရွယ်လေးတွေ ချည်းပဲ။

Run to (you) (U&Z)Where stories live. Discover now