RT(Y)-33 (U&Z)

1.1K 100 5
                                    

(Unicode)

တီ...တီ...တီ...

ရင်းနှီးပြီးသား password တခုကို ရှောင်းကျန့်က သွက်လက်စွာ နှိပ်လိုက်သည်။

ချောက်...

ဟင်...ရိပေါ် ပြန်မရောက်သေးဘူးလား...

တိတ်ဆိတ် မှောင်မည်းနေတဲ့ အိမ်ခန်းလေးထဲကို ရှောင်းကျန့် ဝင်လာခဲ့သည်။ သို့သော်လည်း အခန်းတခုဆီမှ ခပ်တိုးတိုး လှုပ်ရှားမှုကြောင့် မီးဖွင့်ရန် ကြံနေသည့် ရှောင်းကျန့်တယောက် လန့်သွားရသည်။

ဘယ်...ဘယ်သူလဲ...ရိပေါ်ကို လုပ်ကြံမလို့လား...မဖြစ်ဘူး...ငါ တခုခု လုပ်ရမယ်...

ထိတ်လန့်မှုနဲ့အတူ လွယ်လာတဲ့ ဘေးလွယ်အိတ်ကို ချွတ်ကာ လွယ်ကြိုးကို ရှောင်းကျန့်က လက်မှာ ရစ်ပတ်လိုက်သည်။ ထို့နောက် ထိုလူရိပ်နောက်ကို ခပ်ဖြည်းဖြည်း ချဥ်းကပ်လိုက်သည်။

လူရိပ်က အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် အနီးမှုန်လေး ရှောင်းကျန့်အတွက် မှောင်ရီဝိုးတဝါးမှာ အတော်ပင် ခက်ခက်ခဲခဲ ကြည့်နေရသည်။ ထိုလူကလည်း အခန်းထဲမှာ တကုပ်ကုပ်နဲ့ အလုပ် ရှုပ်နေဟန်ရှိသည်။

ဒုန်း...

ဝုန်း...

*အောင်...မြတ်...လေး...

မမြင်မစမ်းနဲ့ ရှောင်းကျန့်က အခန်းဝမှာ တံခါးဘောင်ကို ခလုတ်တိုက်ကာ တံခါးရွက်နဲ့ ပြေးဆောင့်မိလေသည်။

*ဟင်...

အသံကြောင့် ထိုလူက အလန့်တကြား လှည့်ကြည့်လာသည်။ ရှောင်းကျန့် စဥ်းစားချိန် မရတော့ ဟန်ချက် ပျက်နေရာမှ ကမန်းကတန်း ပြန်ထိန်းလိုက်သည်။ ထို့နောက် ရန်သူကို လက်ဦးမှုယူကာ တိုက်ခိုက်ရန် လက်ထဲမှ အိတ်နဲ့ ပြေးရိုက်လိုက်သည်။ 

*ကဲဟာ...ကဲဟာ...ရိပေါ်ကို ဒုက္ခ ပေးချင်တဲ့ကောင်...ကဲဟာ...

*အ...အ...အ...

ထိုလူက ရှောင်းကျန့်၏ ရိုက်ချက်များကို လက်တကာကာနဲ့ ခုခံနေလေသည်။ ရှောင်းကျန့်ကလည်း မရပ်ရဲ။ ထိုလူကလည်း အခန်းထဲမှာ ပတ်ပြေးနေသည်။ ရှောင်းကျန့်ကလည်း မှီရာကို မိအောင် လိုက်ရိုက်သည်။  ဦးခေါင်း၊ လက်မောင်း ၊ လက်ဖျံ အပြင်ရင်အုပ်နဲ့ နောက်ကျောပါ မကျန်အောင် ထိုလူ့ တကိုယ်လုံးကို မိသမျှ လိုက်ရိုက်လေသည်။

Run to (you) (U&Z)Where stories live. Discover now