RT(Y)-37 (U&Z)

1.2K 100 2
                                    

(Unicode)

*ရိပေါ်...မင်း အန်တီ့ကို ဘယ်လိုတွေ ပြောလိုက်တာလဲ...

ချုံးရင် ပြန်သွားတာနဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်ကို ေပြာလိုက်သည်။

*မဟုတ်ရင်...ခင်ဗျားက မာမား စကားအတိုင်း...လက်ခံလိုက်တော့မှာ မဟုတ်လား ရှောင်း...

ဝမ်ရိပေါ်က စူပုတ်ပုတ် မျက်နှာပေးနဲ့ ပြောလိုက်လေသည်။ ရှောင်းကျန့် ခေါင်းငုံ့လိုက်မိသည်။

*အဲ့လိုတော့လည်း မဟုတ်ပါဘူး...ဒါပေမယ့် အန်တီ ပြောတာကလည်း...

*ကျွန်တော် စိတ်ကစားနေတာ မဟုတ်ဘူးနော် ရှောင်း...ခင်ဗျား လက်ကို လွှတ်ချဖို့...ကျွန်တော် တွေးကြည့်ဖူးတယ်...ဒါပေမယ့် ကျွန်တော် မနေနိုင်ခဲ့ဘူး...ဒါကြောင့် ကျွန်တော့်အနားမှာ...မရ ရအောင် ခေါ်ထားဖို့ တွေးခဲ့တာ...အဲ့တော့ ကျွန်တော် စိတ်ကစားနေတာလို့ မထင်ပါနဲ့...ကျွန်တော် ကလေး မဟုတ်ဘူး...

*ရိပေါ်ရယ်...

မိမိကို ကြည့်ရင်း ဆူဆူအောင့်အောင့် ပြောနေတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် စိတ်မကောင်း ဖြစ်သွားသည်။ ထို့ကြောင့် ကြင်နာစွာ ထွေးဖက်လိုက်မိသည်။

*ငါ တောင်းပန်ပါတယ် ရိပေါ်...မင်း စိတ်ကို ခက်ခဲအောင် လုပ်ခဲ့မိတယ်...

*ဒါဆို...အခုက စပြီး ကျွန်တော့် အနားမှာပဲ နေပေးပါ...ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ်...ခင်ဗျား လက်ကို ဆွဲထားမှာမို့...ထားခဲ့ဖို့ ဆိုတာမျိုး မတွေးပါနဲ့...ကျွန်တော် ခံစားနိုင်မှာ မဟုတ်ဘူး...

*အင်း...စိတ်ချ...ငါ ဘယ်တော့မှ...မင်းကို ထားမသွားဘူး...ကတိပေးတယ်...

ဝမ်ရိပေါ်က ကျေနပ်စွာနဲ့ ရှောင်းကျန့်ကို ခပ်တင်းတင်း ပြန်ဖက်လိုက်သည်။

*ရှောင်း သိလား...အခုအချိန်မှာ ကျွန်တော် နောင်တရမိတာ တခု ရှိတယ်...

*ဘာကိုလဲ...

*ခင်ဗျားကို အပိုင် မသိမ်းမိခဲ့တဲ့ အတွက်...

*အာ...

ဝမ်ရိပေါ် စကားကြောင့် ရှောင်းကျန့် မျက်နှာလေး ရဲကာ ဝမ်ရိပေါ် ပုခုံးပေါ် မျက်နှာအပ်လိုက်မိသည်။

Run to (you) (U&Z)Where stories live. Discover now