RT(Y)-12 (U&Z)

1.2K 99 4
                                    

(Unicode)

CEOဝမ်ရဲ့အကြိုက်ဆုံး စားသောက်ဆိုင်မှာ ဆိုင်မှာ hotpot သောက်ဖို့ အားလုံး ပြင်ဆင်​ေနကြသည်။

*ဒါပဲလား CEO ရယ်...သောက်စရာလေးရော...မပါဘူးလား...

design teamမှ ထိုက်ယုံက စကား စလိုက်သည်။ designer စွေယုက အံ့ဩသလို ကြည့်လိုက်သည်။

*ထိုက်ယုံ...hot pot က သောက်လို့ ရတာ မဟုတ်လို့...ဘာလဲဟ...မင်းကလည်း...

*အာ...ငါ ပြောတဲ့ သောက်စရာက...ဒါဟ...ဒါ...

လက်သီးကို ဆုပ်လျက် လက်မကို ဆန့်ကာ ပါးစပ်ထဲ မော့ပြနေတဲ့ ထိုက်ယုံကြောင့် အားလုံးလည်း ရယ်မောလိုက်ကြသည်။

*မှာပါဗျာ...ကြိုက်တာမှာ ကြိုက်သလောက်သာ သောက်...မှာချင်တာ မှာကြပါ...

ဝမ်ရိပေါ်က သဘောကျစွာ ရယ်​ေမာရင်း ပြောလိုက်သည်။

*အာ...မဖြစ်ဘူး...မဖြစ်ဘူးနော်...အားလုံးပဲ မနက်ဖြန် ရုံးတက်ရဦးမှာ...အိတ်နမူနာ ထုတ်ဖို့လည်း စက်ရုံ ရှာရမယ်ဆိုတော့...အရမ်း မသောက်နဲ့ ထိုက်ယုံ...

ရှောင်းကျန့် စကားကြောင့် အားလုံးက CEO ဝမ်ကို လှမ်းကြည့်သည်။ ဝမ်ရိပေါ်က ရယ်လျက် ခေါင်းခါပြလိုက်သည်။

*မရဘူး...မရဘူး...ကျွန်တော့်ကို မကြည့်နဲ့...အတွင်း​ရေးမှူးရှောင်း သဘောမတူရင်...ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး...အဲ့တော့ နည်းနည်းပဲ သောက်ကြပါ...

*ဟာ...CEO ကလည်း...

ဝမ်ရိပေါ်က ခေါင်းကိုငုံလျက် လက်နှစ်ဘက်ကို ကြက်ခြေခတ်ပုံ လုပ်ပြီး ထောင်ပြလိုက်သည်။ အားလုံးက နှုတ်ခမ်းဆူကာ CEOဝမ်ကို ကြည့်နေကြသည်။

*ကဲ...တော်ကြတော့...အခုတော့ ဒီလောက်နဲ့ပဲ ေကျနပ်လိုက်တော့...
pre order မှာ များများရရင်... အဲ့ကျမှ...သောကြာ ညနေကို အဝသောက်...ok...

ရှောင်းကျန့်က ဝင်ပြီး ဖျန်ဖြေလိုက်သည်။

*OK...

အားလုံးက တညီတညွတ်ထဲ ဝိုင်းအော်ကြသည်။ ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ကို ကြည့်ကာ ပြုံးနေလေသည်။

*CEO နော်...စကားကို ဆင်ဆင်​ခြင်ခြင် ပြောပါ...

အားလုံးက အစားအသောက်ဆီ စိတ်ရောက်ကာ ဆူညံနေတော့မှ ရှောင်းကျန့်က CEO ဝမ်ကို ကြိတ်ကြိတ်လေး ပြောသည်။

Run to (you) (U&Z)Where stories live. Discover now