RT(Y)-30 (U&Z)

1.3K 98 10
                                    

(Unicode)

အေးအေးချမ်းချမ်း အိပ်နေတဲ့ ရှောင်းကျန့်ကို ကြည့်ရင်း ဝမ်ရိပေါ် ရင်ပူနေရသည်။ လည်ပင်းမှ ဒဏ်ရာအတွက် ဆေးရုံ သွားချင်ပေမယ့် ငြင်းဆန်နေတဲ့ ရှောင်းကျန့်ကြောင့် Guest house ရှိ first aid box ထဲမှ ဆေးကိုသာ ထည့်ပေးထားရသည်။

မိမိအကင်္ျီစကို ကလေးတယောက်နှယ် ဆွဲလျက် အိပ်နေတဲ့ ရှောင်းကျန့် နှာဖူးပြင်ကို ဝမ်ရိပေါ်က ချစ်နိုးစွာ ငုံ့နမ်းလိုက်သည်။ ထို့နောက် လည်ပင်းမှ ဒဏ်ရာဆီ ခပ်ဖွဖွ တို့ထိလိုက်သည်။

*အ...နာတယ်...

ရုတ်တရက် မိမိ လက်ကို လာဆွဲတဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် စိတ်မကောင်း ဖြစ်သွားရသည်။

*ရှောင်း...အရမ်း နာလို့လား...sorry နော်...ကိုယ်ပူနေသလိုပဲ...ဆေးရုံသွားရအောင်လေ...လက်ကရော နာနေသေးလား...

*ဟင့်အင်း...ရတယ် ရတယ်...လက်လည်း နည်းနည်းပဲ နာတာပါ...

ဒဏ်ရာတွေကို မှတ်တမ်း ယူစဥ်ကတည်းက ရှောင်းကျန့်လက်မှ ညိုမည်း ဒဏ်ရာတွေကို ဝမ်ရိပေါ်က စိတ်မကောင်းစွာ ကြည့်နေခဲ့ရသည်။

*အင်း...ဆေး ထပ် လိမ်းပေးမယ်နော်...

ရှောင်းကျန့် ဝတ်ထားတဲ့ ညဝတ်အကင်္ျီရဲ့ ခါးစည်းကို ဖြုတ်လိုက်သည်။

ဂလု...

ဝမ်ရိပေါ်က တံတွေး တချက်ကို ခက်ခက်ခဲခဲ မြိုချလိုက်မိသည်။ ရေချိုးပြီးစ ရှောင်းကျန့်က သူ့ လက်ကို ဆေးလိမ်းဖို့ မိမိကို ခွင့်မပေးခြင်းအား ဝမ်ရိပေါ် ကောင်းစွာ နားလည်သွားသည်။

ရှောင်းကျန့်သည် သူ့အား ကောင်းကောင်းကြီးကို စွဲဆောင် နိုင်လေသည်။ ရှောင်းကျန့် လက်မောင်းနဲ့ လက်ကောက်ဝတ်မှ ညိုမည်းကွက်များကို ဆေးလိမ်းပေးရင်း လည်တိုင် တလေျှာက် ဝမ်ရိပေါ်က ဖွဖွနမ်းမိသည်။

*ငါ့မှာ...ဒဏ်ရာတွေနဲ့နော်...မင်း အခွင့်အရေး မယူနဲ့...ဟင်း...

ရုတ်တရက် မိမိကို ပြောပြီး တဖက်ကို လှည့်သွားတဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် ရယ်မိသွားသည်။

*ကျွန်တော် ရှောင်းကို...အခုပဲ အပိုင် ရချင်ပြီ...

*ဆုတောင်းလေ...

Run to (you) (U&Z)Where stories live. Discover now