RT(Y)-41 (U&Z)

1.2K 95 5
                                    

(Unicode)

တီ.............

မိမိကားဆီ ဉီးတည်ကာ မီးထိုးဝင်လာတဲ့ တွဲကားကြောင့် ဝမ်ရိပေါ် ရင်ထိတ် သွားရသည်။ သို့သော်လည်း လီဗာကိုတော့ မလျော့ရဲ။ ချန်စူးက သေသေချာချာ မှာထားသည် မဟုတ်ပါလား။

*ရှောင်း..........

မိမိကို အမြဲ အားဖြစ်စေခဲ့တဲ့ ချစ်ရသူ နာမည်ကို ဝမ်ရိပေါ် အာကုန်ခြစ်ကာ အော်ရင်း ကားအား Tunnel ထဲကို ထိုးဝင်လိုက်သည်။

ဝုန်း.......

မိမိကားကို ကျော်ကာ လွင့်ထွက်သွားတဲ့ ကားကြောင့် ဝမ်ရိပေါ် လန့်သွားရသည်။ တိုက်ခိုက်မိသံက ကျယ်လွန်းလှသည်။

ဝုန်း...

ဝုန်း...

*ချန်...ချန်စူး...မင်း အဆင်ပြေရဲ့လား...

Tunnel ထဲ ရောက်မှ back ကြည့်မှန်မှ တဆင့် ချန်စူး ကားကို ဝမ်ရိပေါ်က ကဗျာကယာ ရှာကြည့်လိုက်သည်။

*ပြေတယ် သူဌေး...ကပ်ပြီး လွတ်သွားတယ်...ဟို နှစ်စီးတော့ လွင့်သွားတယ်...

*တော်သေးတာပေါ့...ဟူး...
နောက်တခါ ဆိုရင်တော့ မင်း မောင်းတဲ့ ကားပဲ...လိုက်စီးတော့မယ်...ငါ့မှာ ရင်တုန်ရတာ...နှလုံးအိမ်ကြီး တခုလုံး...ခုန်ထွက်တော့ မလိုပဲ...၄ စက္ကန့် စာလောက်...အသက် တိုသွားတယ်...ရှောင်းနဲ့ အတူကုန်ဆုံးရမယ့် အချိန် ၄ စက္ကန့်စာ ဆိုတော့...နောက်ထပ် အဖြစ် မခံနိုင်ဘူး...ငါ့အချိန်တွေက တန်ဖိုးကြီးလွန်းတယ်...ဟား...ဟား...ဟား...
ရဲစခန်းကို မြန်မြန် သွားကြစို့...ရှောင်းက စိတ်ပူပြီး ကျန်ခဲ့တာ...ဒီကကိစ္စ မြန်မြန်ပြီးမှ သူ စိတ်အေးမှာ...Let's Go...

မိမိရှေ့မှာ ကားကို အရှိန်တင်ကာ မောင်းထွက်သွားတဲ့ CEO ဝမ်ရိပေါ်ရဲ့ ကားလေးကို ကြည့်ရင်း ချန်စူး ခေါင်းခါလိုက်သည်။

ဒီလောက် သေရေးရှင်ရေး ဖြစ်ခဲ့တာတောင် အတွင်းရေးမှူးရှောင်း အကြောင်းကို သတိတရ မပါမဖြစ် ပြောနေတဲ့ သူဌေး။
၄ စက္ကန့်စာလောက် အသက်တို သွားရင် အတွင်းရေးမှူးရှောင်း အနားမှာ နေရမယ့် အချိန်ထဲက လျော့သွားမှာကို စိတ်ပူနေတဲ့ သူဌေး။
ဒီနှစ်ယောက်မှ မညားရင် မိုးနတ်မင်းကို မတရားဘူးလို့ ချန်စူး သွားပြီး complain တက်ရပေလိမ့်မည်။

Run to (you) (U&Z)Where stories live. Discover now