RT(Y)-27 (U&Z)

1.2K 86 2
                                    

(Unicode)

*မုလုံ...မင်း ဘယ်လို ဖြစ်ရတာလဲ...

*အစ်ကိုလီ...ရောက်လာပြီ...ဒီကို လာပါ...

အိမ်ထဲကို ဝင်လာတဲ့ လီချန်ဟုတ်ကို ကြည့်ရင်း ကျောက်မုလုံက ကူကယ်ရာ ရသလို လှမ်းခေါ်လိုက်သည်။

*ပြောစမ်းပါဦး...ဘယ်လိုဖြစ်ရတယ် ဆိုတာ...

လီချန်ဟုတ်က ခပ်လောလော မေးလိုက်သည်။

*မသိတော့ဘူး အစ်ကိုလီ...စာထဲမှာတော့ ကျွန်တော့်ကို...အပြစ် ဝန်မခံရင် သေရမယ်လို့ ကြိမ်းမောင်းထားတယ်...

*အင်း...ဘယ်လို လူကများ ဒီလောက်အထိ အတင့်ရဲရတာလဲ...

*သူတော့ တကယ် မဟုတ်ဘူးမလား အစ်ကိုလီ...

ကျောက်မုလုံက အထိတ်ထိတ် အလန့်လန့်နဲ့ မေးလိုက်သည်။

*ဟာ...ဘာလို့ ဒီလောက်တောင် နားမလည်ရတာလဲ...အဲ့ကောင်က သေပြီလေ...မင်းက ဘာကို လုပ်နိုင်မယ် ထင်နေတာလဲ...

*ဒါ...ဒါပေမယ့် ခံစားရတာတော့ သူလို့ကို ထင်မိနေတယ် အစ်ကိုလီ...

ကျောက်မုလုံက မဝံ့မရဲ ပြောလိုက်သည်။ လီချန်ဟုတ်က ခေါင်းခါလိုက်သည်။

*ငါတော့ မထင်ဘူး မုလုံ...ဘာလို့လဲဆိုတော့ သူ ဆိုရင်...ဒီလောက်ထိ ပဟေဠိတွေ လုပ်နေမှာ မဟုတ်ဘူး...အခုက ငါတို့ ရင်ထဲကို...အကြောက်တရားတခု သေသေချာချာ ထည့်ပေးချင်နေတာ...
မုလုံ...အဲ့ကောင် ပေါ်လာတာနဲ့ ငါ သတ်ပစ်မယ်...

လီချန်ဟုတ်က မကျေမနပ်ပြောလိုက်သည်။ ကျောက်မုလုံကတော့ ကြောက်ရွံ့စွာ ကြည့်နေလေသည်။

*ကျွန်တော်တို့ လုပ်ထားတာတွေ သိတယ်ဆိုတဲ့ အပြောက...သူ့ အပြင် ဘယ်သူလို့ အစ်ကိုလီက ထင်နေလို့လဲ...

*လျန်လု...ဝမ်ရိပေါ်...သူတို့ထဲက တယောက်ယောက်ပဲ ဖြစ်လိမ့်မယ်...

*အစ်ကိုလီက ဘယ်သူလို့ ထင်လဲ...

✏ ✏✏ ✏✏✏

*ဝမ်...ရိ...ပေါ်...

လီချန်ဟုတ် စကားကြောင့် ကျောက်မုလုံက မျက်လုံးပြူးကာ ကြည့်လေသည်။

*သူက...ဘယ်လိုလုပ်ပြီး...ဖြစ်နိုင်မှာလဲ အစ်ကိုလီ...

*မုလုံ...အဲ့ကောင်လေးက ဝမ်ကျို့မင်လို မဟုတ်ဘူး...သူက ခန့်မှန်းရ ခက်သလို...လုပ်ရဲကိုင်ရဲလည်း ရှိတယ်...အမေရိကားမှာ သူ နေတုန်းက...ဘာတွေလုပ်ခဲ့လဲ ဆိုတာ စုံစမ်းကြည့်ရသလောက်ကလည်း...တော်တော်ကို ထူးဆန်းတယ်...နောက်ပြီး အတွင်းရေးမှူးရှောင်းအတွက်...သူ ငှားပေးထားတဲ့ ကားသမားရဲ့ ကိုယ်ရေးရာဇဝင်ကိုလည်း...ဘယ်လိုမှ ရှာလို့ မရဘူး...အခု ငါ စိတ်ပူနေတာက သူသာ ငါတို့ကို တိုက်ခိုက်ချင်ရင် သက်သေရှိရမယ်...ဒါပေမယ့် အခုအထိ သတိပေး ခြိမ်းခြောက်ရုံ ဆိုတာက သူ့မှာ သက်သေ မရှိသေးလို့ပဲ...စဉ်းစားကြည့်ရင် လျန်လုရဲ့ ပယောဂလည်း ပါလိမ့်မယ်...နောက်ကွယ်က လူက လျန်လု ဖြစ်နေမလားပဲ...ငါ သူနဲ့ ညှိနှိုင်းဖို့ ကြိုးစားခဲ့ပေမယ့်...သူက ဝမ်ရိပေါ်ကို တွယ်ကပ်နေတုန်းပဲလေ...

Run to (you) (U&Z)Where stories live. Discover now