RT(Y)-28 (U&Z)

1.1K 96 5
                                    

(Unicode)

*မြန်မြန် လာကြလေ...မြန်မြန် လုပ်...

*ယွဲ့မင်...ဒီကို လာ...

*ငါ ဒီမှာ ရောက်နေပြီ ထိုက်ယုံရေ...

ဝေသာ့ ကုမ္ပဏီ ရှေ့မှာ လူများ ယောက်ယက်ခပ် နေကြသည်။ ဒီနေ့ သောကြာနေ့ မဟုတ်ပါလား။

*လူ စစ်မယ်...လူ စစ်မယ်...မြန်မြန် လာပါ...ဒီကို လာပါ...ကားပေါ် တက်ကြစို့...

ချင်းချင်းက သူမ အသံ စူးစူးလေးနဲ့ အော်ဟစ်ကာ လောဆော် နေလေသည်။ ဝန်ထမ်းများက တယောက်ပြီး တယောက် ကားပေါ်ကို တက်သွားကြသည်။ လျန်ရှန့်ပေါ်က ဝမ်ရိပေါ် နံဘေးတွင် ယှဉ်လျက် ရပ်နေလေသည်။

*ကိုကိုလျန်လေး...အတွင်းရေးမှူးရှောင်းက မရောက်သေးဘူးနော်...ဘယ်လို လုပ်မလဲ...

ချင်းချင်းက အနားကို လာကာ ပြောလေသည်။

*ဟင်...အတွင်းရေးမှူးရှောင်းက ဒီနေ့ သင်တန်းကို မဖျက်ဘူးလား...မင်း ဘယ်လိုတွေ စီစဥ်နေတာလဲ...အတွင်းရေးမှူးလျန်...

ဝမ်ရိပေါ်က အံ့ဩစွာ မေးလိုက်သည်။

*​ေဩာ်...ဟိုလေ...ဟုတ်တယ်...အတွင်းရေးမှူးရှောင်းက အတန်းချိန် ပျက်ဖို့ အဆင်မပြေဘူး ဆိုလို့လေ...အဲ့ဒါ ေကျာင်းဆင်းမှ နောက်ကလိုက်ခဲ့မယ်လို့ ပြောတယ်...

*အင်း...ပြီးရောလေ...

ဝမ်ရိပေါ်က ခပ်အေးအေး ပြောလိုက်သည်။

*ဟို...CEO လည်း ဒီကားနဲ့ပဲ လိုက်မယ် မဟုတ်လား...တက်ကြစို့လေ...

လျန်ရှန့်ပေါ် က လောဆော်လိုက်သည်။

*အင်း...မင်း တက်နှင့်လေ...ငါက ကားထဲမှာ ခရီးဆောင်အိတ်...ခဏ သွားယူလိုက်ဦးမယ်...

*ကျွန်တော် လိုက်ယူပေးမယ်လေ...

*နေပါစေ...

လျန်ရှန့်ပေါ်ကို ပြန်ဖြေပြီး ဝမ်ရိပေါ်က လှည့်ထွက်ခဲ့သည်။

*ကိုကိုလျန်လေး...အတွင်းရေးမှူးရှောင်းဆီ လိပ်စာ သေချာ ပို့လိုက်နော်...အဲ့နားမှာ guest house တွေက များတယ်...ဆောက်ရင်း ရပ်ထားတာတွေလည်း ရှိတော့...မှားနေဦးမယ်...

Run to (you) (U&Z)Where stories live. Discover now