RT(Y)-6 (U&Z)

1.4K 124 7
                                    

(Unicode)

*ဘယ်နေမလဲ မားရယ်...သားကလည်း ကူညီတာပေါ့...သူ့အတွက် အကူအညီ ဖြစ်မှာတွေ အကုန်လုံးကို...သား လိုက်လုပ်ပေးနေပါတယ်...စိတ်ချပါ မားရယ်...သူ့ကို သားအနားမှာ ရအောင် ဆွဲခေါ်ထားမှာ...

ချုံးရင်က သား ရင်ဖက်ကို လက်လေးနဲ့ ဖွဖွ ပုတ်လိုက်ရင်း ရယ်မိသည်။

*နေပါဦး...မားရဲ့သားက အတွင်းရေးမှူးရှောင်း အကြောင်းကို ပြောတာနဲ့တင်... ရင်ခုန်နေတာလား...ကြည့်စမ်း...မား နားတွေထဲတောင် ဆူညံနေတာပဲ...
​ပြောပါဦး...အတွင်းရေးမှူးရှောင်းက...မားရဲ့ချွေးမလေး ဖြစ်လာမှာလား...

မိခင်စကားကြောင့် ဝမ်ရိပေါ် မျက်နှာ တခုလုံး နီရဲသွားကာ ရှက်ကိုး ရှက်ကန်း ဖြစ်သွားရသည်။

*အာ...မားကလည်း ဘာတွေ ပြောနေတာလဲ...ရှောင်းက ယောကျာ်းလေးပါ...ဒါပေမယ့် မိန်းကလေးတွေ ထက်တောင် ပိုပြီး ကြည့်လို့ကောင်းတယ်...ဟီး...

ရှက်ရယ်ရယ်ရင်း ပြောနေတဲ့ သားကို ချုံးရင်က စူးစမ်းသလို ကြည့်လိုက်သည်။

*ကောင်လေးနော်...ပေါက်ကရတွေ မလုပ်နဲ့...မား စိတ်မပူချင်ဘူး...

*မလုပ်ပါဘူး မားရယ်...စိတ်ချပါ...အတည်...အတည်...သား တကယ် ပြောတာပါ...

ချုံးရင်က မျက်စောင်းဖွဖွ ထိုးကာ သား ရင်ခွင်မှ ထွက်လိုက်သည်။

*ဒါပေမဲ့ မား သဘောကျမှနော်...မားဆီကို အတွင်းရေးမှူးရှောင်းကို အရင် ခေါ်လာခဲ့...ဟုတ်ပြီလား...

*ဟား...ဟား...ငါ့ မာမားကတော့ တကယ်ကြီးကို မှတ်နေတော့တာပဲ...ကောင်းပါပြီ...သား ခေါ်လာခဲ့ပါမယ်...

မိခင်ကို ကြည့်ရင်း ဝမ်ရိပေါ် တယောက် ဟက်ဟက် ပက်ပက် ရယ်နေတော့သည်။ ချုံးရင်ကတော့ ပြုံးရွှင်နေတဲ့ သားမျက်နှာကို ငေးကြည့်နေမိသည်။

သူ့အဖေ ဆုံးပြီးကတည်းက သား အခုလို ရယ်မောတာ ဒါပထမဆုံး မဟုတ်လား။

✏ ✏✏ ✏✏✏

ကိုယ် မကျွမ်းကျင်ပေမယ့် ကျွမ်းကျင်သူတွေနဲ့ အတူတူ လေ့လာရင်း design ပညာကို ရှောင်းကျန့် အတော်ပင် နားလည်လာခဲ့သည်။ ဝန်ထမ်း အသစ်တွေမှာ တချို့က ကုမ္ပဏီ ပြောင်းလာကြတာမို့ သဘောတရား တချို့ကိုလည်း အတော်ပင် သိလာရသည်။

Run to (you) (U&Z)Where stories live. Discover now