RT(Y)-31(U&Z)

1.2K 89 3
                                    

(Unicode)

*ချင်းချင်းက ဘာဖြစ်သွားတာလဲ ချန်စူး...

စူးစူးဝါးဝါး အော်လိုက်သံကြောင့် ရှောင်းကျန့် လန့်နိုးသွားရသည်။

*အာ...အတွင်းရေးမှူးရှောင်း နိုးသွားတာလား...ဘာမှ မဟုတ်ပါဘူး...နားလည်မှု လွဲသွားတာပါ...နေရတာ သက်သာရဲ့လား...

ချန်စူးက အနားကို လာရင်း ရှောင်းကျန့်၏ အမေးကို ဖြေလိုက်သည်။

*အင်းးး...အဆင်ပြေပါတယ်...​ေဩာ်...ရှန့်ပေါ်...မင်းရောက်လာတာနဲ့ အတော်ပဲ..ငါ မင်းကို မေးစရာရှိတယ်...

လျန်ရှန့်ပေါ် ကို မြင်လိုက်ရတဲ့ရှောင်းကျန့်က ပြောလိုက်သည်။ လျန်ရှန့်ပေါ် က ခေါင်းငြိမ့်ပြသည်။

*ကျွန်တော်လည်း ခင်ဗျားကို...ပြောစရာရှိတယ်...

*ချန်စူး...ကျွန်တော်တို့ ခဏလောက် စကားပြောလို့ ရမလား...

ရှောင်းကျန့်က ချန်စူးကို အနားမှာ မရှိစေချင်၍ ပြောလိုက်သည်။ ချန်စူးက အတန်ကြာအောင် ငြိမ်နေပြီးမှ ခေါင်းငြိမ့်လိုက်သည်။

*ကျွန်တော် အခန်းပြင်မှာ ရှိနေမှာမို့...တခုခုဆို ခေါ်လိုက်ပါ အတွင်းရေးမှူးရှောင်း...

*ကောင်းပါပြီ...

ချန်စူးက လျန်ရှန့်ပေါ်ကို ခပ်စူးစူး တချက်ကြည့်ကာ အခန်းပြင်ကို ထွက်သွားသည်။

✏ ✏✏ ✏✏✏

ဆေးရုံခန်းလေးထဲ တိတ်ဆိတ်နေခဲ့သည်။ ရှောင်းကျန့်နဲ့ လျန်ရှန့်ပေါ်သာ မျက်နှာချင်းဆိုင် ရှိနေ​ေလသည်။

*ရှန့်ပေါ်...မင်း ဘာလို့ ငါ့ကို...လိပ်စာ အမှားကြီး ပေးခဲ့တာလဲ...ဘာရည်ရွယ်ချက်နဲ့လဲ...နောက်ပြီး အဲ့လူမိုက်တွေကရော...မင်း စီစဥ်ခဲ့တာလား...

သိချင်ရာကို ရှောင်းကျန့်က ခပ်ပြတ်ပြတ် မေးရင်း တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ လျန်ရှန့်ပေါ်က သက်ပြင်းချရင်း ကြည့်သည်။

*အမြင်ကတ်လို့...

*ဘာ...

*ဟုတ်တယ်...CEO နဲ့ အရင်ဆုံး တွေ့ခဲ့တာက...ကျွန်တော်...
ဒါပေမယ့် ခင်ဗျားက နေရာ ဝင်ယူသွားတယ်...ဒါကြောင့် CEO ဘေးမှာ ထပ်မမြင်ချင်လို့ လုပ်ခဲ့တာ...

Run to (you) (U&Z)Where stories live. Discover now