RT(Y)-4 (U&Z)

1.7K 126 11
                                    

(Unicode)

*ဟုတ်လား...ဒါဆို အဲ့ဒိအတွင်းရေးမှူး အသစ်က...လုပ်ရည်ကိုင်ရည် ရှိမယ့်ပုံပဲ...မနေ့ကမှ အလုပ် စဆင်းတာကို...ဒီနေ့ပဲ ဝန်ထမ်းအသစ် အင်တာဗျူး ခေါ်ဖို့ လုပ်တယ်ဆိုတော့...

လီချန်ဟုတ်ရဲ့ အခန်းထဲမှာ ကျောက်မုလုံနဲ့ ရှို့တီတို့ပါ ရောက်နေကြခြင်း ဖြစ်သည်။

*စိတ်ဝင်စားဖို့ ကောင်းတယ် မဟုတ်လား အစ်ကိုလီ...

ကျောက်မုလုံက လီချန်ဟုတ်ကို မေးလိုက်သည်။

ဝမ်ကျို့မင် ရှိစဥ်ကပင် ဝေသာ့ရဲ့ china စျေးကွက်အပေါ် အုပ်စီးနိုင်စွမ်းကို သိသဖြင့် သူတို့ လက်ဝါးကြီး အုပ်ချင်ခဲ့ကြ သည်။ သို့သော်လည်း ဝမ်ကျို့မင်ကို မကျော်နိုင်ခဲ့။ ဝမ်ကျို့မင်က အရည်အချင်း ရှိသည်။ ဒါကြောင့်ပဲ နောက်ကွယ်မှ လက်သီးပုံး ထိုးရုံသာ တတ်နိုင်ခဲ့ကြသည်။ အခုတော့ ဝမ်ကျို့မင် မရှိသည့်နောက် ဝမ်ရိပေါ်ကို ပထုတ်ဖို့ ပြင်နေကြခြင်း ဖြစ်သည်။

အခုလည်း ဝမ်ကျို့မင်ရဲ့ လက်အောက်မှ အရည်အချင်း ရှိသူတွေကို သူတို့ လက်အောက်ဆီ မက်လုံးပေးကာ ဆွဲခေါ်ထားပြီးပြီ။ ဝမ်ရိပေါ်ကို မသိမသာ ဘေးထုတ်ထားခြင်းဖြင့် ကုမ္ပဏီ ဖွဲ့စည်းပုံအရ မကြာခင်မှာပင် ဝမ်ရိပေါ်က ဘေးကို အလိုလိုရောက် သွားပေလိမ့်မည်။

အခုတော့ ဝမ်ရိပေါ် ဆွဲခန့်လိုက်တဲ့ အတွင်းရေးမှူးက လူငယ် ခြေတက်မို့ အစွမ်းပြနေလေသည်။

*ဟုတ်တယ်...မုလုံ...ငါတို့ ဝမ်ရိပေါ်ကို...ဒီအတိုင်း လွတ်ထားတာကို...သူက ကြည့်မနေနိုင်ဘူးလေ...

*ဒါဆို အဲ့ဒိ အတွင်းရေးမှူးကိုပါ...ဆွဲထုတ် လိုက်ရမလား...

ရှို့တီက ဝင်မေးသည်။ လီချန်ဟုတ်က ခပ်ဖြည်းဖြည်း ခေါင်းခါလိုက်သည်။

*စောင့်ကြည့်သေးတာပေါ့ ရှို့တီရယ်...အခြေအနေက စိတ်ဝင်စားဖို့ ကောင်းတယ်မဟုတ်လား...ဝမ်ရိပေါ် အနားမှာ ဘယ်သူကများ ကြာကြာနေနိုင်ခဲ့လို့လဲ...တလခံရင်တောင် ကျေးဇူးတင်...တလကိုမှ တရက် စွန်းသွားရင်ကိုပဲ...ကံကောင်းလွန်းလို့ မဟုတ်လား...ကြည့်ကြ သေးတာပေါ့ကွာ...

Run to (you) (U&Z)Where stories live. Discover now