RT(Y)-19 (U&Z)

1.2K 98 5
                                    

(Unicode)

မြို့အစွန်ဘက် စိတ်ငြိမ်ရပ်ကွက် တခုထဲက လျန်လုရဲ့ အပန်းဖြေစံအိမ်မှာ အသက် ၅၀ ပြည့် မွေးနေ့အတွက် နေ့လည်စာ စားပွဲကို ကျင်းပနေကြသည်။ မြက်ခင်းပြင်မှာ စားပွဲများချကာ ပြင်ဆင်ထားသည်။

*ဟေး...ရိပေါ်...လာ...
မင်း မေမေရော မပါဘူးလားကွ...

ဝမ်ရိပေါ် ကားထဲမှ ထွက်လိုက်တာနဲ့ လျန်လုက လှမ်းနှုတ်ဆက်သည်။

*မပါဘူး အန်ကယ်လ်လျန်...မာမားက ပါပါး မရှိကတည်းက ဒီလို ပွဲမျိုး​တွေ အတွက်...အပြင်ထွက်ဖို့ကို ခေါ်လို့ရတာ မဟုတ်​ေတာ့ဘူးလေ...

ဝမ်ရိပေါ်က ခပ်အေးအေး ပြန်ပြောလိုက်သည်။ လျန်လုက ပြုံးကာ ခေါင်းငြိမ့်​ေလသည်။

*ဒါပေါ့...ဒါပေါ့...မင်း လာတာနဲ့တင် အဆင်ပြေပါတယ်လေ...ဒါတောင် dinner လုပ်ချင်တာ...မင်းက ညနက်တဲ့အထိ နေရတာ...အဆင်မပြေဘူးဆိုလို့...

လျန်လုက ဝမ်ရိပေါ်ကို ကြိုဆိုရင်း ပြောလိုက်သည်။

*ကျေးဇူးပါ အန်ကယ်လ်လျန်...​ေဩာ်...Happy birthday ပါ...

ဝမ်ရိပေါ်က ဗူးလေးတခုကို လျန်လုဆီ ပေးလိုက်သည်။

*ကျေးဇူးပါ ရိပေါ်...တကယ်ဆို ဘာမှ မလိုပါဘူး...မင်း ရောက်လာတာနဲ့တင် ပြည့်စုံနေပါပြီ...လာ...တခုခု စားရအောင်...

လျန်လုက ဦးဆောင်ပြီး buffet ပြင်ဆင်ထားရာ စားပွဲများဆီ ထွက်ခဲ့သည်။

*ဟေး...လျန်လု...

*ဟာ...ချုံချီ...ရောက်ပြီလား...
ရိပေါ်...အားမနာနဲ့နော်...ကြိုက်တာသာ စား...အန်ကယ်လ် သူငယ်ချင်းနဲ့ ခဏလောက် စကား သွားပြောပြီး ပြန်ခဲ့မယ်...

*ရပါတယ် အန်ကယ်လ်လျန်...သွားပါ...

လျန်လုက ဝမ်ရိပေါ်ကို ထားခဲ့ပြီး နှုတ်ဆက်လာတဲ့ မိတ်ဆွေဆီ ထွက်သွားလေသည်။ ဝမ်ရိပေါ်ကတော့ စားစရာများကို ရွေးချယ်ရင်း ကျန်ခဲ့လေသည်။

✏ ✏✏ ✏✏✏

*ဝမ်ကော...

နောက်ဘက်မှ ခေါ်သံကြောင့် ဝမ်ရိပေါ်က လှည့်ကြည့်လိုက်သည်။

*လျန်ရှန့်ပေါ်...မင်းက ဘာလို့...
အာ...မင်း ဦးလေးရဲ့ မွေးနေ့ပဲ...မင်း လာရမှာပေါ့...

Run to (you) (U&Z)Where stories live. Discover now