RT(Y)-26 (U&Z)

1.2K 90 4
                                    

(Unicode)

>>မင်း သိလား...သူနဲ့ငါ ချစ်သူတွေ ဖြစ်သွားပြီ...

Alpha King ဆီ စာပို့ရင်း ရှောင်းကျန့် ပြုံးမိသည်။ သူ့မှာလည်း ကြွားလို့ရတဲ့သူ ဆိုလို့ Alpha King တယောက်ပဲ ရှိတာ မဟုတ်လား။

>>အဲ့လောက်တောင် မြန်သလား...

>>မမြန်ပါဘူး...သူနဲ့ငါ တွေ့တာပဲ ၇ လ ေကျာ် ရှိတော့မယ်...

အလန့်တကြား မေးခွန်းကို ရှောင်းကျန့်က ခပ်သွက်သွက်ပဲ ပြန်ဖြေလိုက်သည်။

>>အဲ့လောက် ကာလနဲ့ မင်းကချစ်တယ်ပေါ့...

>>အင်းလေ...ငါ့တနေ့တာမှာ သူနဲ့ နေရတဲ့ အချိန်က အများဆုံးပဲဟာ...ဘာလို့ မချစ်ရမှာလဲ...

>>ကြာကြာနေရလို့ ချစ်တာပေါ့...ဒါဆို ကိုယ်လည်း ပေါက်စလေးဆီ လာနေမယ်...

အသံထွက်အောင်ပင် ရှောင်းကျန့် ရယ်မိတော့သည်။

>>မင်းဆိုရင်တော့ ငါ မချစ်မှာ သေချာတယ်...

>>ဘာလို့လဲ...

>>မင်းက ဆရာကြီးလေ...ငါက ဆရာကြီးတွေကို မကြိုက်ဘူး...

>>တော်ပါတော့...ကိုယ်ခဏခဏ အငြင်း ခံနေရတာ...မခံစားနိုင်ဘူး...ဒါနဲ့ ေပါက်စလေး ရုံးက လူတွေရော...ဒီကိစ္စကို သိလား...

>>မသိဘူး...ငါ မသိစေချင်ဘူး...

>>ဘာလို့လဲ...မင်းတို့က ချစ်သူတွေဆို...

>>သူ့မှာ အာရုံစိုက်စရာ တခြားကိစ္စ ရှိသေးတယ်...ငါ့ကြောင့် စိတ်မရှုပ်စေချင်ဘူး...

>>ဘာဆိုင်လို့လဲ...ဒါက အကြောင်းပြချက် သက်သက်ပဲဟာ...သူက ပေါက်စ​လေးကို လူမသိ သူမသိ...Silent တွဲချင်နေတာလား...

>>အဲ့လို မဟုတ်ပါဘူး...သူက ငါ့ကို အန္တရာယ် မဖြစ်စေချင်တာပါ...နောက်ပြီး ငါကိုယ်တိုင်လည်း သဘောတူတယ်လေ...

>>အရူးပဲ...

>>အင်း...ငါ သူ့ကြောင့် ရူးနေတာ...တော်တော် ကြာပြီ...

>>ဒါပေမယ့် သူ သူဌေး မဟုတ်တော့ရင်တော့...ပေါက်စလေး စိတ်ပျက်သွားမှာ​ေပါ့...

>>ဘာဆိုင်လို့လဲ...

>>အခု သူက ပေါက်စလေး အတွက်...အားလုံး အဆင်သင့် လုပ်ပေးထားလို့...စိတ်ဝင်စားသွားတာလေ...

Run to (you) (U&Z)Where stories live. Discover now