RT(Y)-5 (U&Z)

1.5K 125 6
                                    

(Unicode)

လီချန်ဟုတ် တယောက် မိမိ ရုံးခန်းထဲမှာ သဘောကျစွာ ရယ်မောနေခဲ့သည်။

ဝမ်ရိပေါ်...ဝမ်ရိပေါ်...တကယ့် ငတုံး...သူ့ကိုယ်သူများ လူလည်ကြီး လုပ်ပြီး သူ့အဖေရဲ့design sketch book ကို လာတောင်း ရတယ်လို့...ဟား...ဟား...ဟား...
သနားဖို့ ကောင်းလိုက်တာကွာ...ကျွတ်...ကျွတ်...ကျွတ်...

ဟုတ်တယ်။ လီချန်ဟုတ်က ဒီနေ့ ဝမ်ရိပေါ်ကို သူ့အဖေ ဝမ်ကျို့မင်ရဲ့ design sketch book ပေးလိုက်တယ်။ ဒါပေမယ့် အထဲမှာ ထုတ်ပြီးသား အဟောင်းတွေ ချည်းဘဲ။ အခုလက်ရှိ ထုတ်ကုန်အတွက် ကြိုပြီး စိတ်ကူးနဲ့ ဆွဲထားတဲ့ မသုံးရသေးတာတွေကို လီချန်ဟုတ်က မသိမသာ ဖယ်ထုတ်ထားခဲ့သည်။

*မင်း လည်တာလောက်က...ငါ အိပ်နေတာလောက်ပဲ ရှိတာပါ ဝမ်ရိပေါ်ရယ်...ငါ သနားမှ ဒီကုမ္ပဏီမှာ...မင်း သူဌေး အဖြစ် ၃ နှစ်လောက် ခံမှာပေါ့...မဟုတ်ရင် အခုကတည်းက ကန်ထုတ်ခံရမှာလေ...ဟား...ဟား...ဟား...

✏ ✏✏ ✏✏✏

ညစာထမင်း စားသောက်ပြီးနောက် ဝမ်ရိပေါ် ပေးလိုက်တဲ့ ဝမ်ကျို့မင်ရဲ့ Design Sketch book ကို ရှောင်းကျန့်က လေ့လာနေခဲ့သည်။ ရုံးမှ ကူးလာတဲ့ ဝမ်ကျို့မင်ရဲ့ design file နဲ့ ယှဥ်ကြည့်ကာ ပုံတချို့ကို စိတ်ကူးနဲ့ ရေးဆွဲ ကြည့်နေမိသည်။

*တကယ်ကို ငါ မကျွမ်းကျင်တဲ့ အပိုင်းပဲ...ဘယ်လို လုပ်ရမလဲ...ဟူးးး...

သက်ပြင်းမောကို ေရှာင်းကျန့် မှုတ်ထုတ်ရင်း ညည်းညူမိသည်။

*စိတ်ဝင်စားဖို့ မကောင်းဘူး...ခင်ဗျား ဘာသာ ကြည့်လိုက်ပေါ့...

ဝမ်ရိပေါ် ပြောလိုက်တဲ့ စကားကိုလည်း ပြန်လည် ကြားယောင် နေမိသည်။

*မဖြစ်ဘူး...ငါ ကြိုးစားရမယ်...ဒါမှ ဝင်ငွေ ရှိပြီး...အလုပ် မပြုတ်မှာ...ငါ ့အိမ်ကိုလည်း ကောင်းကောင်း ထောက်ပံ့နိုင်မှာ...ဒါကြောင့် သူ စိတ်မဝင်စားလည်း ငါက စိတ်ဝင်စားရမယ်...ဒါမှ အလုပ်ရှိပြီး အမြတ်ရမှာ...အလုပ်မြဲမှာ...
ရှောင်းကျန့်...Fighting...

ကိုယ့်ကိုယ်ကိုယ် အားပေးရင်း ရှောင်းကျန့်တယောက် သူ မကျွမ်းကျင်တဲ့ fashion design တွေကို ကြိုးစားပမ်းစားနဲ့ လေ့လာ နေလိုက်သည်။

Run to (you) (U&Z)Where stories live. Discover now