RT(Y)-8 (U&Z)

1.4K 101 8
                                    

(Unicode)

*ရိပေါ်...

*အော်...အန်ကယ်လ်လျန်...
ခဏနော်...ကျွန်တော့် အတွင်းရေးမှူးဆီကို...အရင် သွားတွေ့လိုက်ဦးမယ်...ပြန်လာခဲ့မယ်...ခဏပဲ...

နောက်မှ ခေါ်လိုက်တဲ့ လျန်လုကို ဝမ်ရိပေါ်က ပြန်ဖြေရင်း ရှောင်းကျန့် ရှိရာ စကြင်္ ံထောင့်ဆီကို ခပ်သွက်သွက်လေး ေပြးသွားလိုက်သည်။

*ရှောင်း...ကျွန်တော် တော်တယ် မဟုတ်လား...အစည်းအဝေး ပြီးအောင်အထိ နေခဲ့တယ်နော်...

ကလေးတယောက်လို ဝမ်ရိပေါ်က ဝမ်းသာအားရ ပြောလိုက်သည်။

*အဲ့တော့...CEOကို ကျွန်တော်က...ကျေးဇူးတင်ပေးရမယ်ပေါ့...

မျက်စောင်းထိုးကာ ပြောလိုက်တဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က လျှာထုတ်ကာ ပြောင်ပြလိုက်သည်။

*တခါလေးလောက်... ကျေးဇူးတင်ဖူးတယ် ရှိအောင် တင်ကြည့်ပါလား ရှောင်းရယ်...ဟင်...

ဝမ်ရိပေါ်က မျက်နှာငယ်လေးနဲ့ ပြောလိုက်သည်။

*တင်စရာလား...အဲ့ဒါ CEOရဲ့ အလုပ်လေ...ကိုယ့် အလုပ်ကိုယ် မလုပ်ချင်ဘဲ နဲ့များ...ကျေးဇူးက အတင်ခံချင်နေသေးတယ်...

ရှောင်းကျန့်က မျက်စောင်းထိုးရင်း မကျေမချမ်း ပြောလိုက်သည်။

*ဟင်း...ရှောင်းကလည်း စိတ်ချည်းပဲ...
အား...ပြောစရာရှိတယ်...ဒီတခေါက် အိတ် design မှာ...luxury နဲ့ office အတွက်က အဓိကနော်...မှတ်ထားဦး...

*အင်း...သိပြီ...

စာရလို့ ပျော်နေတဲ့ ကလေးလို ပြောနေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က ခေါင်းငြိမ့် ပြလိုက်သည်။

*ကျွန်တော် သေချာ မှတ်လာတယ်နော်...ရှောင်းရဲ့ CEO လေး ပင်ပန်း သွားပြီ...သိရဲ့လား...

မထင်မှတ်စရာ ကောင်းအောင် ရှောင်းကျန့် ရင်ခွင်ထဲ ဝမ်ရိပေါ်က ခေါင်းနဲ့ တိုးဝှေ့လိုက်ရင်း ခါးကို ဖက်လိုက်သည်။

*ဟင်...

္*အားးး...ရှောင်းရဲ့ ကိုယ်နံ့လေးက မွှေးနေတာပဲ...
အိုး...အန်ကယ်လ်လျန်ကို စောင့်ခိုင်းခဲ့တာ မေ့တော့မလို့ပဲ...ကျွန်တော် သွားရဦးမယ်...ခဏ​ေနမှ တွေ့မယ်နော် ရှောင်း...

Run to (you) (U&Z)Where stories live. Discover now